Sunday, November 9, 2025

စူပါတိုက်ဖွန်းဖန်ဝေါင်ကြောင့်ဖိလစ်ပိုင်တွင်လူတစ်သိန်းခန့်ဘေးလွတ်ရာရွှေ့ပြောင်း

တနင်္ဂနွေနေ့တွင် စူပါတိုက်ဖွန်းအဖြစ်သို့ အားကောင်းလာသောမုန်တိုင်း ဖန်ဝေါင်ကြောင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတစ်ဝန်းရှိ ဒေသခံ လူ ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့...

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...
HomeNewsLocal Newsမန္တလေးတိုင်းရှိ ဒုဋ္ဌဝတီမြစ်အတွင်းရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအားပြန်လည်တွေ့ရှိခဲ့

မန္တလေးတိုင်းရှိ ဒုဋ္ဌဝတီမြစ်အတွင်းရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအားပြန်လည်တွေ့ရှိခဲ့

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တောင်ကိုင်းကျေးရွာအနီးရှိ ဒုဋ္ဌဝတီမြစ်အတွင်း နိုဝင်ဘာ ၃၀ ရက်(ယနေ့)နေ့လည်ပိုင်းက ရေနစ်ပျောက်ဆုံးသွသူ၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)မှ သိရသည်။

ယနေ့နေ့လည်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ထိန်ကုန်းရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်ရှိ အမျိုး သားသည် ဒုဋ္ဌဝတီမြစ်အတွင်း ရေကစားရာမှရေ နစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ကူညီရှာဖွေပေးရန် ရေနစ်ပျောက်ဆုံးသူ၏ မိသားစုဝင်များက မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)သို့ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

“မိသားစုဝင်တွေက နေ့လည် ၃ နာရီခွဲလောက်မှာ ရုံးကိုဖုန်းဆက်အကူအညီတောင်းလို့ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ် ၄ နာရီလောက်မှာရှာဖွေရေးလုပ်ငန်းတွေလုပ်ခဲ့ပါတယ် ရှာဖွေရေးလုပ်ပြီး ၁၃ မိနစ်လောက်အကြာမှာ ရုပ်အလောင်းကိုပြန်တွေ့ခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)၏ သတင်းပြန် ကြားရေးတာဝန်ခံကပြောသည်။

ရေနစ်ပျောက်ဆုံးသွားသူအား Rescue Diver Team (Myanmar)အဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ရေအောက်ကြမ်းပြင်မှပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

“Rescue Diver Team (Myanmar)အဖွဲ့ဝင်တွေက အလောင်းကိုရှာတွေပြီးတော့ နယ်မြေခံလူမှုကူညီရေးအသင်းကိုလွှဲပေးခဲ့ပါတယ် နယ်မြေခံအသင်းကလိုအပ်တာဆက်ပြီးလုပ်ဆောင်သွားမှာပါ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စူပါတိုက်ဖွန်းဖန်ဝေါင်ကြောင့်ဖိလစ်ပိုင်တွင်လူတစ်သိန်းခန့်ဘေးလွတ်ရာရွှေ့ပြောင်း

တနင်္ဂနွေနေ့တွင် စူပါတိုက်ဖွန်းအဖြစ်သို့ အားကောင်းလာသောမုန်တိုင်း ဖန်ဝေါင်ကြောင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတစ်ဝန်းရှိ ဒေသခံ လူ ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မုန်တိုင်းသည် ယနေ့အနှောင်းပိုင်းတွင် ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားကာ မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းလှိုင်းလုံးကြီးများ၏ အန္တရာယ်နှင့်ကြုံတွေ့ရနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဒေသများစွာတွင် မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်ကာ ကက်တန်ဒူယန်နေးယဒေသ၊ ကမ်မရင်းမြောက် နှင့် ကမ်မရင်း တောင် ဒေသများ၏ ကမ်းရိုးတန်းဧရိယာများအပါအဝင် အရှေ့တောင်ပိုင်း လူဇုန်ကျွန်းတွင် အမြင့်ဆုံး မုန်တိုင်းသတိပေးချက် အဆင့် ၅...

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071