မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ အပါအဝင် စုစုပေါင်း ၇၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို နံနက် ၁၁ နာရီတွင် ရပ်နားခဲ့ပြီး တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
