မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများမှ မြင်ကွင်းအချို့ဖြစ်သည်။
ထိုအခြေအနေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်း ယမန်နေ့ (နိုဝင်ဘာ ၁၃) က ကြည့်ရှုစစ်ဆေးခဲ့သေးသည်။
ကြည့်ရှုစစ်ဆေးခဲ့စဉ် အားကစားရုံရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်ခံနိုင်စေရေးတို့အတွက် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားသည့် အုတ်ဘောင်နှင့် ပလက်ဖောင်းဆေးသုတ်ခြင်းလုပ်ငန်းများနှင့် အားကစားရုံ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
