မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။
ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက AHA Centre သို့ အမေရိကန်ဒေါ်လာ(၁)သန်းအား ပေးအပ်လှူဒါန်းခြင်း သဘောတူစာချုပ်အား အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရို-က်တာ Mr. Lee Yam Ming တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre နှင့် အာဆီယံဆိုင်ရာ တရုတ်အဖွဲ့ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
