မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ လမ်း ၂၀ နှင့် ၂၂ လမ်းကြား မန္တလေးကျုံး အရှေ့ဘက်ခြမ်း ရေပြင်တွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရုပ်အလောင်းကို ဇူလိုင်လ (၁၉) ရက်၊ မွန်းလွဲ (၂) နာရီခွဲဝန်းကျင်က တွေ့ရှိခဲ့ရကြောင်း အမရဌာနီအရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
“သေဆုံးရတဲ့ အကြောင်းအရင်းကို သိအောင် ရင်ခွဲရုံပို့ထားတယ်။ တာဝန်ရှိသူတွေလည်းလာပြီး စစ်ဆေးသွားတယ်။ ရင်ခွဲစစ်ဆေးချက်အဖြေကိုတော့ ကျွန်တော်တို့ မသိပါဘူး။ သွားဆယ်တဲ့အချိန် မိန်းမစီးဖိနပ်တစ်ရံ တွေ့တယ်။ နောက်ပြီး သေဆုံးနေတဲ့ အမျိုးသမီးက အနက်ရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် ဂျင်းဘောင်းဘီရှည်ဝတ်ထားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။
သေဆုံးရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် ရုပ်အလောင်းအား အမရဌာနီအရှေ့ လူမူကယ်ဆယ်ရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6181207939474372556_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6181207939474372557_y.jpg)