မန္တလေးမြို့၊ ကမ်းနားလမ်း၊ BOC ရုံး အနောက်ပေါက်အနီးတွင် တောင်မှမြောက်သို့ မောင်းနှင်လာသည့် ဒိုင်နာယာဥ်မှာ ရှေ့ညာဘက်ခြမ်း ဘီးပြုတ်ထွက်ကာ လမ်းမီးဓါတ်တိုင်အား ဝင်တို-က်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ (၇) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ယာဉ်ခေါင်းခန်းအတွင်း ည-ပ်နေသည့်အတွက် ဆွဲထုတ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ယင်းကဲ့သို့ ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ည-ပ်နေပြီး ထိခို-က်ဒ-ဏ်ရ-ာများရရှိနေ၍ တာဝန်သိ ပြည်သူတစ်ဦးက မဟာလူမှုကယ်ဆယ်ရေးအသင်းသို့ ဆက်သွယ်အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းအား မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး OPD ဌာနသို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။