Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeNewsLocal Newsမြန်မာ့ ပထမဆုံး နိုင်ငံတကာအဆင့်...

မြန်မာ့ ပထမဆုံး နိုင်ငံတကာအဆင့် ဘောလုံးပရိုလိုင်စင် နည်းပြသင်တန်း စတင်ဖွင့်လှစ်မည်

မြန်မာ့ ပထမဆုံး နိုင်ငံတကာအဆင့် ဘောလုံးပရိုလိုင်စင် နည်းပြသင်တန်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံက သိရသည်။

အဆိုပါ သင်တန်းသည် မြန်မာ့ဘောလုံး အားကစားတိုးတက် မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် နိုင်ငံ တကာအဆင့် ပရိုနည်းပြဆရာများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး လာမည့် မတ်လ (၉) ရက်မှ (၁၇) ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သင်တန်းသို့ AFC “A” လိုင်စင် (သို့မဟုတ်) AFC/MFF “A” အောင်လက်မှတ်ရရှိပြီးသူ၊ “A” လိုင်စင် အောင်မြင်ပြီး နည်းပြသက်တမ်း အနည်းဆုံး (၂) နှစ်နှင့်အထက် လုပ်ဆောင်နေသူ၊ Pro Diploma တက်ရောက်ရန် အရည်အချင်းပြည့်မီပြီး MFF နှင့် MNL တွင် ဦးဆောင်/ခေါင်းဆောင်သူတစ်ဦးအဖြစ် ပါဝင်ကူညီနိုင်သူ လက်ရှိမြန်မာ့လက်ရွေးစင်အသင်းများနှင့် MNL Club များတွင် တာဝန်ထမ်းဆောင်နေသူ၊ မှတ်ပုံတင်ထားသူဖြစ်ရမည်ဟု အသိပေးထားသည်။

သင်တန်းတပတ်စဉ်လျှင် သင်တန်းသား (၁၅) ဦးကိုသာ သင်ကြားပို့ချသွားမည့်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းခံရသူများသည် Module တစ်ခုတွင် သင်တန်းဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ USD 1000 နှင့် ညီမျှသည့် မြန်မာငွေကျပ်နှင့် Module (၅) ခုအတွက် (USD 5000)၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (USD 3200) နှင့် Module (၅) ခုအတွက် (USD$16000) ကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ယခုလ ဇန်နဝါရီ (၂၃) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန (Email [email protected])သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071