Tuesday, December 9, 2025

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ်...

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver)...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အားလုံးကအသိအမှတ်ပြုပြီးဖြစ်

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အားလုံးကအသိအမှတ်ပြုပြီးဖြစ်

မြန်မာနိုင်ငံ၏ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အားလုံးကအသိအမှတ်ပြုပြီးဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ နိုဝင်ဘာ ၁၀ ရက်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားသည့် နိုင်ငံတကာတုံ့ပြန်မှုများရှိသော်လည်း မိတ်ဖက်နိုင်ငံများ၏ထောက်ခံမှုများကို အခိုင်အမာရရှိထားပြီးဖြစ်ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်း အားလုံးက အသိအမှတ်ပြုပြီးဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လိပ်ပြာလုံစွာဆောင်ရွက်ထားသဖြင့် မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အခြားနိုင်ငံများ၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာမီဒီယာများအား ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လာရောက်ကြည့်ရှုလေ့လာရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု ပြောသည်။

” မဲမသမာမှုတွေမရှိစေဖို့ ခေတ်မီနည်းပညာသုံး MEVM စက်တွေကို အသုံးပြုထားတာကြောင့် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ဟာ ဂုဏ်သိက္ခာရှိတဲ့ လွှတ် တော်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကိုချပြနိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ (၅၇)ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၉၅)ဦး(စုစုပေါင်းကိုယ်စားလှယ်လောင်း ၅,၀၀၀) ကျော်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ပြည်သူ့လွှတ်တော်အား FPTP၊ အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်ကို ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ်(MMP)တို့ဖြင့် အသုံးပြုသွားမည်ဟု ပြောသည်။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်၍ဆန္ဒမဲပေးကြရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်ပြီး ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် စတင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ် သည်။ သုံးပွဲကစားသည့်အနက် ပထမပွဲစဉ်တွင် (၁၃)မှတ် (၂၁)မှတ်၊ ဒုတိယပွဲစဉ်တွင် (၂၀)မှတ်(၂၂)မှတ်ဖြင့် ရှူံးနိမ့်ခဲ့ကာ တတိ ယပွဲစဉ်တွင် (၂၁)မှတ်(၁၇)မှတ်ဖြင့်အ နိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် “Nature’s 10” စာရင်းတွင် တရုတ် ပညာရှင် နှစ်ဦး ပါဝင်

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver) ဟုခေါ်သော တရုတ် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့သည် ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး သိပ္ပံဖြစ်ရပ်အချို့၏ ဗဟိုချက်တွင်ရှိခဲ့သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသော လန်ဒန်မြို့အခြေစိုက် Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် "Nature's 10" စာရင်း အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည်...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071