ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ မဒါဂတ်စကာတွင် အာဏာသိမ်းထားသော စစ်တပ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီယာနီရီနာ(Colonel Michael Randrianirina) က ရွေးကောက်ပွဲအသစ်များ မကျင်းပမီအထိ ၂ နှစ်ကြာမြင့်မည့် အသွင်ကူးပြောင်းရေးကာလစတင်ပြီဟု ကြေညာခဲ့ကြောင်း သိရသည်။
“လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးကာလဟာ အများဆုံး နှစ်နှစ် ကြာမြင့်ပါမယ်” ဟု သူက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီက ကိုးကားထားသည်။ “ဒီကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲ ကျင်းပပါမယ်၊ အဲဒီနောက်မှာ အစိုးရအဖွဲ့အစည်းသစ်တွေကို တဖြည်းဖြည်းချင်း ထူထောင်သွားဖို့အတွက် ရွေးကောက်ပွဲတွေ ကျင်းပပါမယ်” ဟုလည်း ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီယာနီရီနာက ပြောကြားခဲ့သည်။
