ချစ်စရာ မျက်နှာလေး ပိုင်ဆိုင်ထားရုံသာမက အသံပိုင်းမှာလည်း ဆရာကြတဲ့ Park Bom ဟာ သူရဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့က Spring သီချင်းရဲ့ ထွေလာလေးကို မိတ်ဆက်ခဲ့ပြီး မကြာခင်မှာ သူရဲ့ သီချင်းဟာ ပရိသတ်တွေ စိတ်အဝင်စားဆုံး သီချင်း တစ်ပုဒ်ဖြစ်လာခဲ့ ပါတယ်။ Park Bom ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ Live video ထုတ်လွှင့်ပြီး သူမတေး ဂီတ လောကထဲကို ပြန်ရောက်လာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးကြတဲ့အတွက်နဲ့ သူ့ကို ဆက်လက်ချစ်နေပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်း ပြောခဲ့ပါ တယ်။
သူ့ရဲ့ သီချင်းသစ် Spring ကို မတ်လ ၁၃ ရက်နေ့မှာ ပရိသတ်တွေ နားဆင်ရ တော့မှာပါ။