Wednesday, December 11, 2024

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက...

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို...

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ...

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ...

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေး

မြန်မာ-ကာလ်မီးကီယာပြည်နယ်ကြား ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့ ဆွေး နွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား...
HomeNewsLocal Newsမတ္တရာမြို့နယ်တွင် ထမင်းစားနေသည့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မတ္တရာမြို့နယ်တွင် ထမင်းစားနေသည့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မတ္တရာမြို့နယ်တွင် ထမင်းစားနေသည့်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေသည့် ဦးရွှေနိုင်(၄၆)နှစ်သည် သြဂုတ် ၃၁ ရက်နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခွဲကျော်ခန့်က အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ကျောက် တံတားကျေးရွာရှိ မန္တလေး-မိုးကုတ်သွားကားလမ်းဘေး၌ဖွင့်ထားသည့် ထမင်းဆိုင်တွင် မိသားစုဝင်များနှင့်အတူ ထမင်းစားနေသည့် ဦးရွှေနိုင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးရွှေနိုင်ဦး၏ ညာမေးရိုး၊ဘယ်ဘက်လည်ပင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးရွှေနိုင်သည် ရေကြည်ကျေးရွာအုပ်စု၊တောင် ခေါင်းကျေးရွာတွင် နေထိုင်လျက်ရှိရာမှ စဉ့်ကူးမြို့နယ်၊ဝါးပိုးချပ်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရန် မိသားစုဝင်များနှင့်အတူထွက်ခွာလာစဥ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌပြော

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းကာစ ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်၍ အင်အားကြီးနိုင်ငံအချို့မှ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံကိုအပြစ်ရှာပြောဆိုကာ ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန်ကြိုးပမ်းနေကြသည်ဟု ပြောသည်။ " မိမိတို့အနေနဲ့ နိုင်ငံနဲ့မကိုက်ညီတဲ့ ဒီမိုကရေစီစံ နှုန်းတွေအပေါ် ရာနှုန်းပြည့်အခြေမပြုဘဲ နိုင်ငံရဲ့ပကတိအခြေအနေ၊ လူမှုစီးပွားဖြစ်ထွန်းမှုတွေ၊ သမိုင်းကြောင်းတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ သမိုင်းပေးတာဝန် သင်ခန်းစာတွေ၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့သာ အခြေခံစဉ်းစားပြီး...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်တို့ တွေ့ ဆုံစဉ် သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၉) ရက်က...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ ခေါ်ယူနေ

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် လုပ်ငန်းအားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်(တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071