မစ္စတာ ဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေး ဒဏ်ခံပြည်သူများကို လူသားချင်းစာနာမှုအကူအညီအနေဖြင့် ဆန်အိတ် ၆၀၀၀၀ နှင့် အဝတ်ထည်နှင့် စောင်များ ဖြန့်ဝေသွားမည့် အစီအစဉ်ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်နေထိုင်နေသည့် ဒေသခံ စစ်ဘေးသင့် ပြည်သူများထံ ပေးပို့မည် လူသားချင်း စာနာမှုအကူအညီဖြစ်ပြီး နစကအနေဖြင့် အမှန်တကယ်လိုအပ်နေသူများထံ ရောက်ရှိနိုင်ရေး လိုအပ်သည့်အကူအညီများ ပေးသွားမည်ဖြစ်ကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။
” မှန်ပါတယ်။ ဝန်ကြီးချူပ်နဲ့ ဆာဆာကာဝါ တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ဆန်အပြင် ဆောင်းတွင်းကာလဖြစ်၍ အဝတ်အထည်နဲ့ စောင်များပါ ထောက်ပံ့ဖို့ တိုက်တွန်းထားပါတယ်။ နစကအနေနဲ့ လိုအပ်တဲ့ နေရာတွေကို မြန်မြန်နဲ့ မှန်ကန်စွာရောက်ရှိရေး ဆောင်ရွက်ပေးပါမယ်” ဟု နစကနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့စဉ်ကတည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများအပါအဝင် အရပ်သားပြည်သူ သောင်းနှင့်ချီကာ လက်ရှိအချိန်ထိ ဘေးလွတ်ရာ စစ်ရှောင်စခန်းများတွင် နေထိုင်နေရဆဲအခြေအနေဖြစ်ပြီး ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေသည့် အခြေ အနေများကြုံတွေ့နေရကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။
မစ္စတာ ဆာဆာကာဝါ အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ရွေး ကောက်ပွဲကာလ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်လေ့ လာမှုများရှိခဲ့သည်။
မစ္စတာဆာဆာကာဝါ အနေဖြင့် မြန်မာ့တပ်မတော်နှင့် AA တို့အကြား ပထမအကြိမ် ကြားဝင် ညှိနှိုင်းပေးခဲ့စဉ် နှစ်ဘက်အပစ်အခတ်ရပ်စဲသည့်ကာလတွင် စစ်ဘေးသ င့် ပြည်သူများထံ ဆန်အိပ် ၅၀၀၀၀ ဖြန့်ဝေရန် အစီ အ စဉ်ရှိခဲ့သော်လည်း တကျော့ပြန်တိုက်ပွဲများကြောင့် ယ င်းအစီအစဉ်မှာ ရပ်ဆိုင်းထားခဲ့ရပြီး ယခုတစ်ကြိမ်တွင် ဆန်အိပ် ၁၀၀၀၀ ထပ်မံ ထောက်ပံ့မည် ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အပါအဝင် မြို့နယ်အချို့တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများကို ယခင်က လူကယ်ပြန်ဝန်ကြီးဌာနက လစဉ်ပုံမှန်ထောက်ပံ့မှုများ ရှိခဲ့သော်လည်း ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းက စတင်ကာ ထောက်ပံ့မှုများ ရပ်ဆိုင်း ထားခဲ့ကြောင်း ဒေသတွင်း သ တင်းရင်းမြစ်များထံက သိရသည်။
” ပထမတစ်ကြိမ် အကျိုးဆောင်တုန်းကလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို ဆန်အိတ် ၅၀၀၀၀ ဆိုလားမသိဘူး။ ဆာဆာကာဝါဘက်က ဝယ်ထားပြီးပြီ ။ ဖြန့်ဖို့ပဲကျန်တယ်။ အဲဒီကာလမှာ တကျော့ပြန် စစ်ပွဲ ပြန်ဖြစ်တော့ အဲဒီဝယ်ပြီးသားဆန်အိတ်တွေ မဖြန့်နိုင်သေးဘူးဆိုတာ သတင်းကြားပါတယ်။ အခု ဒုတိယ တစ်ကြိမ် အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ပေးပြီးတဲ့နောက်မှာလည်းပဲ ဆန်အိတ် ၁၀၀၀၀ ဖြန့်ပေးမယ်ဆိုတာလည်း သတင်းကထပ်တူတက်လာတာပေါ့။ အပစ်အခတ်ရပ်စဲတာနဲ့အတူ စစ်ဘေးသင့် ပြည်သူများနဲ့ နှစ်ဘက်အဖွဲ့အစည်းများအပေါ် ဆာဆာကာဝါတို့ရဲ့ စားနပ်ရိက္ခာပံ့ပိုးမှုကလည်း တပြိုင်တည်း ရောက်လာနိုင်ပါတယ်” ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် တိုက်ပွဲများ ပြင်းထန်စဉ်ကစတင်ကာ ယခုနှစ်ဆန်းပိုင်တွင် ပြန်လည်ဖြစ်ပွားခဲ့သည့် တကျော့ပြန်စစ်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် သွားရောက်နေထိုင်နေရသည့် စစ်ဘေးသင့်ပြည်သူ သိန်းနှင့်ချီရှိနေနိုင်သေးကြောင်း ဒေသတွင်း သတ င်းရင်းမြစ်များက ခန့်မှန်း ပြောဆိုကြသည်။
မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အပစ်အ ခတ် ရပ်စဲနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ပိတ် ဆို့ထားသည့် ရေလမ်း ၊ ကုန်းလမ်းကြောင်းအချို့ ပြန်လ ည်ပွင့်လာနိုင်ကာ ကုန်စည်စီးဆင်းမှုများ ပြန်လည်ကော င်းမွန်လာနိုင်ပြီး ရိက္ခာပြတ်လပ်မှုများ ပြန်လည်အဆင် ပြေလာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။








