(Unicode)
မင်္ဂလာနှစ်ပတ်လည် ၄နှစ်ပြည့်နဲ့ သားလေးရက် ၁၀၀ပြည့်မှာ နေ့လည်စာအလှူလုပ်သွားမယ့် Ah Boy နဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံ
ဒီဇင်ဘာလ ၂၁ရက်နေ့ဟာ တေးသံရှင် Ah Boy နဲ့ သရုပ်ဆောင်မြတ်ရတနာကျော်တို့ရဲ့ ၄နှစ်ပြည့်မဂ်လာနှစ်ပတ်လည်နေ့ဖြစ်သလို သူတို့ရဲ့သားလေး Jaden ဖြိုးထွန်းရဲ့ ရက် ၁၀၀ပြည့်နေ့လေးနဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။
အဲဒီနေ့မှာ သူတို့ဇနီးမောင်နှံက မြို့ ၄မြို့မှာ လူ ၄၀၀စာအတွက် နေ့လည်စာလှူဒါန်းသွားမှာဖြစ်ပြီး နေ့လည်စာလှူဒါန်းသွားမယ့်နေရာတွေကတော့ –
ရန်ကုန်မြို့မှာဆိုရင် ရွှေဘိုသူ တန်ဖိုးနည်း ထမင်းဆိုင်အမှတ် ၁၁၇၅ (ခ) ဝေဘာဂီလမ်း၊ ညရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်
မန္တလေးမြို့မှာဆိုရင် ရွှေဘုန်းလူငယ်ပရဟိတလူမှုကူညီရေးအသင်း လမ်း ၆၀ * ၆၁ ကြား ၃၇ A လမ်း၊ မန္တလေးမြို့
တောင်ကြီးမြို့မှာဆိုရင် အမေ့အိမ်ဇလုံထမင်းအဝစား ၇၀၀ ကျပ်တန်ဆိုင် ၂၁၂ ဈေးမရောက်ခင် My Tel ရုံးဘေး ပုလဲလမ်းတန်းတန်းဝင်လာပြီး ယေယောဝါခရစ်ယာန်ကျောင်းမရောက်ခင် လမ်းညာဖက် အမေ့အိမ်ကုန်စုံဆိုင်
မော်လမြိုင်မြို့မှာဆိုရင် တောင်ဝိုင်းရပ်တန်ဖိုးနည်းထမင်းဆိုင်တို့ဖြစ်ကာ မော်လမြိုင်မြို့မှာတော့ ဆိုင်ပြင်ဆင်မှုတွေရှိနေတဲ့အတွက် ၂၂ရက်နေ့မှ လှူဒါန်းသွားမယ်လို့သိရပါတယ်။
(Zawgyi)