Wednesday, April 30, 2025

မန္တလေးတွင် ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး...

မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည်...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...
HomeNewsLocal Newsမင်္ဂလာဒုံတွင် ကားသုံးစီးဆင့်တိုက်၍ အသက်(၉)နှစ်အရွယ်...

မင်္ဂလာဒုံတွင် ကားသုံးစီးဆင့်တိုက်၍ အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၃ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ည ၉ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊အမှတ် (၃)လမ်းမကြီးပေါ်ရှိ ၃၃၃ မှတ်တိုင်အနီးတွင် Hijet ကား၊ Dyna ကားနှင့် Light Truck ကားပုံစံရှိသည့်တရုတ်ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ရာ Light Truck ကားပုံစံတရုတ်ကားပေါ်တွင် လိုက်ပါလာသည့် အသက်(၉)နှစ်အရွယ်ရှိ ကလေးငယ်(မ)တစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လမ်းသွယ်ထဲကထွက်လာတဲ့ Light Truck ကားကို Dyna ကားကဝင်တိုက်မိပြီး Light Truck ကားက လည်ထွက်သွားတဲ့အချိန် Hijet ကားကိုထပ်တိုက်မိတာ ကလေးတစ်ယောက်သေဆုံးပြီး ကားသုံးစီးလုံးပေါ်က အမျိုးသား ၄ ယောက်ဒဏ်ရာရသွားတယ် ၃၃၃ မှတ်တိုင်နားမှာဖြစ်သွားတာပါ” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးတို့အား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ဝေဓာဝီဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Htin Lin Aung

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိ

မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည် ငလျင်ဘေးကြောက်သောကြောင့် မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ရှိ တိုက်ခန်းမြေညီထပ်၌ သွားရောက်အိပ်နေချိန် ၎င်းပိုင်ဆိုင်သည့် ရွှေထည်များနှင့် ကျပ်သိန်း (၂,၀၀၀) ခန့် စုစုပေါင်းကျပ်သိန်း (၄,၃၀၀)ကျော် ပျော-က်ဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဲစခန်း၌ အမှုဖွင့်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ ပျေ-ာက်ဆုံးမှုဖြစ်ပွားခဲ့သည့် တိုက်ခန်းနှင့်ကပ်လျက်ရှိ ဆောက်လက်စအဆောက်အဦးရှိ အလုပ်သမားတစ်ဦး ပျေ-ာက်ဆုံးနေရာမှ ခြေရာခံ စုံစမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ စုံစမ်းမှုများအရ...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071