ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊ ည (၈) နာရီ၊ (၂၅) မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၂ )လမ်းတွင် မီးလောင်မှု ဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသ -တ်ခဲ့ကြပြီး ည (၈) နာရီ (၂၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်အပြီး ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၇)နာရီ (၁၆)မိနစ်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် (၇)နာရီ (၂၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီး ဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှု အကြောင်းအရင်း အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။