(Unicode)
မင်းသားကြီး Ma Dong Suk ကြော်ငြာမော်ဒယ်အဖြစ် ရွေးချယ်ခံရ
မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Marvel Studio ဇာတ်ကား Eternals မှာ သရုပ်ဆောင်ခဲ့တဲ့ မင်း သားကြီး Ma Dong Suck ဟာ နာမည်ကြီး ခေါင်းလျှော်ရည်တံဆိပ် the NA+ ရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Ma Dong Suk ဟာ Eternals ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့သရုပ် ဆောင်မှုတွေနဲ့အတူ တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသူပါ။
မြန်မာပရိတ်သတ်နဲ့လည်း မစိမ်းတဲ့ Ma Dong Suk ဟာ Train to Busan ဇာတ်ကားထဲမှာ ပါဝင်ပြီးနောက် ပရိတ်သတ်ရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာပါ။
Ma Dong Suk အနေနဲ့ ဟောလိဝုဒ်ထဲ ခြေလှမ်းခဲ့ခြင်းဟာ စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပြီး ဒါဟာ သူ့ရဲ့ သရုပ်ဆောင်တန်ဖိုးကိုလည်း မြင့်တက်စေခဲ့ပါတယ်။
Ma Dong Suk ကိုမော်ဒယ်အဖြစ် ရွေးချယ်လိုက်တဲ့ ခေါင်းလျှော်ရည်တံဆိပ်ဟာလည်း နာမည်ကြီးတွေဖြစ်တဲ့ G-Dragon၊ ဘောလုံးကစားသမား Son Heung Min တို့ရဲ့ ထောက်ခံမှုရရှိထားတဲ့ နာမည်ကြီး တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။
(Zawgyi)