ပဲခူးတိုင်း၊ မင်းလှမြို့နယ်၌ လုံခြုံရေးအဖွဲ့ဝင်များ၏ လက်နက်ကြီးဖြင့်ပတ်ခတ်မှုကြောင့် ကျောင်း ဆရာမ(ငြိမ်း)တစ်ဦးေ-သဆုံးကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်း(၂၀)ကျော်အားပိတ်ထားရသည်ဟု လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ သတင်းမှားသာဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာ၌ပြန်လည်ရှင်းလင်းဖော်ပြခဲ့သည်။
မင်းလှမြို့နယ်၌ အ.ထ.က ကျောင်း(၁၂)ကျောင်း၊ အ.လ.က ကျောင်း(၃၆)ကျောင်း၊ အ.မ.က ကျောင်း(၁၀၇)ကျောင်း(စုစုပေါင်း ၁၅၅ ကျောင်း) တို့အနက် အ.မ.က (ဆားချောင်းလေး)နှင့် အ.မ.က (ခွဲ)(ကျွန်းကုန်း)တို့ကိုသာ ပိတ်ထားပြီး ကျန်အခြေ ခံပညာစာသင်ကျောင်း(၁၅၃)ကျောင်းကို ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ပိတ်ထားရသည့် စာသင်ကျောင်း(၂) ကျောင်းအနက် အ.မ.က (ဆားချောင်းလေး)သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှစတင်၍ လုံခြုံရေးအခြေအနေအရပိတ်ထားရခြင်းဖြစ်သည်ဟု အသိပေးဖော်ပြခဲ့သည်။
ထို့အတူ အ.မ.က(ခွဲ)(ကျွန်းကုန်း)သည် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများမရှိ၍ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်ခြင်းမရှိသဖြင့် ပိတ်ထားရခြင်းသာဖြစ်သည်ဟုလည်း အသိပေးဖော်ပြခဲ့သည်။