မင်းဘူး-စစ်တွေသွား ခရီးသည်တင်ကား မီးလောင်
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီး တွင် ယနေ့ ဒီဇင်ဘာလ၂၅ရက် မနက်ပိုင်းက ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွါးခဲ့သည်ဟု ဒေသခံများကပြောသည်။
အင်ဂျင်ခန်းမှ ဝါယာရှော့ ဖြစ်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရကာ ထိခိုက်သူမရှိခဲ့ဟုသိရသည်။
ဒေသခံတစ်ဦးက “ကံကောင်းတယ်လို့ပြောလို့ရတယ်။ခရီးသည်တွေကဆင်းပြေးတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရဘူး။ကုန်ပစ္စည်းတွေတော့ အကုန်ပါသွားတယ်”ဟုပြောသည်။
မင်းဘူးမြို့မှ စစ်တွေမြို့သို့ထွက်ခွါလာသော ယာဉ်တွင် ခရီးသည် ၂၀ ဦးတို့ စီးနင်းလိုက်ပါလာခဲ့သည်ဟုသိရသည်။
ဓါတ်ပုံ-ရခိုင်နေ့စဉ်
Zaw Gyi
ဓါတ်ပုံ-ရခိုင်နေ့စဉ်
