ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တည်ရှိသော မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများကို တွေ့မြင်ရခြင်း ဖြစ်သည်။
ယင်း လေးမျက်နှာဘုရားအတွင်းရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွါးတော်လေးဆူကို ဖူးမျှော်ပြီးလျှင် အမိုးခုံးမျက်နှာကြက်များတွင် အပြည့်ရေးဆွဲထားသည့်နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်ခြင်းလည်း ဖြစ်သည်။
လေးမျက်နှာဘုရားသည် အရှေ့ဘက်မုခ်လှည့် ကွမ်းတောင်ပေါက်ဂူဘုရားဖြစ်ပြီး ငါးရာ့ငါးဆယ်နှင့် ဗုဒ္ဓဝင်ဇာတ် ကွက် နံရံဆေးရေးပန်းချီများရေးဆွဲထားသည်။
လေးမျက်နှာဘုရားအနီးအနားဝန်းကျင်တွင် ကြီးမားသောအုတ်ကျောင်းကြီးများ၊သိမ်နေ ရာဟောင်း၊ ဓမ္မသာလ၊ အုတ်ဇရပ်၊ လေးထောင့်ကန်နှင့်ကြီးမားသောတံတိုင်းကြီးနှင့် အဆောက်အအုံများစွာကို တွေ့ရှိလေ့လာနိုင်သည်။
လေးမျက်နှာဘုရားကို ခရစ်နှစ် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး မဟာသေနပတိအနန္တသူရမောင်နှံက တည်ဆောက်လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ- ဒီပါလင်း
