စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊အမှတ် (၁) ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးရုပ် ပွားတော်မြတ် မြို့တွင်းသို့ အပူဇော်ခံယူပွဲကို ဒီဇင်ဘာလ (၉) ရက် ၊ နံနက် (၈) နာရီက ကျင်းပသည်။
မင်းကင်းမြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာတွင် မင်းကင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ဓမ္မစင်္ကြာအသင်းများ၊ ကျွန်းတော်ကျေးရွာ၊ သလဘာကျေးရွာနှင့် ကျေးတောင်ဦး ကျေးရွာများမှ ဆွမ်းတော်ကြီးအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ ပါဝင်ကု သိုလ်ယူခဲ့ကြကြောင်း သိရသည်။
