သရုပ်ဆောင် မင်းသွေးဟာ 7th Sense Film Production မှ စီစဉ်ပြီး ဒါရိုက်တာသြရသ ရိုက်ကူးပုံဖော်ထားတဲ့ ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံတင်ပြသ သွားမှာဖြစ်ပြီး မင်းသွေးကွယ်လွန်ပြီးနောက် ပထမဦးဆုံး ရုံတင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားလို့နေပါတယ်။ ဒီဇာတ်လမ်းက ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက် ကူးထားခြင်းဖြစ်ပြီး နေတိုးနဲ့မင်းသွေးတို့နှစ်ဦးက ဒီဇာတ်ကားထဲမှာလည်း ညီအစ်ကိုအနေနဲ့ တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။
မင်းသွေးက ဒီဇာတ် ကားထဲမှာ အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ဇာတ်ပို့ဆုအတွက် အကယ်ဒမီမျှော်မှန်းထားကြောင်းကို 7th Sense Film Production ရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဝေမင်းမောင်က…
”မင်းသွေးက ဒီဇာတ်ကားထဲမှာ အားတော် တော်ထည့်ထားတယ်။ အမြွှာညီအစ်ကိုနှစ် ယောက်ထဲက ညီအငယ်အနေနဲ့ သရုပ်ဆောင် ရတဲ့ ဇာတ်ကားပေါ့။ မင်းသွေးက သူကျရာ နေရာမှာ တာဝန်ကျေအောင် လုပ်တတ် တဲ့ လူမျိုးပါ။ မုန်းစွဲဇာတ်ကားဆိုရင် သူ အရမ်းကြည့်ချင်ပေမယ့် မကြည့်သွား လိုက်ရဘူး။ ဒီဇာတ်ကားကို အခုအချိန်မှာ ပြန်ကြည့်ရတဲ့အချိန်မှာ သူက တအား perfect ဖြစ်နေတယ်။ တအားကြိုးစားထား တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုက တအား ကို ပေါ်လွင်နေတယ်လို့ ပြောလို့ရတယ်။ မုန်းစွဲ ဇာတ်ကားမှာတော့ သူ့ကို အကယ်ဒမီ မှန်းချင် တယ်။ သူအကောင်းဆုံး ဇာတ်ပို့နိုင် တယ်။ သူ့အခန်းကဏ္ဍအတွက် တာဝန်ကျေတယ်။ မင်းသွေးအတွက် အမှတ်တရအနေနဲ့ ဇာတ်ပို့ဆုကို ဒီနှစ်ထဲမှာရရင် ကျေနပ်ပါတယ်” လို့ ပြောပါတယ်။ ‘မုန်းစွဲ’ ဇာတ်ကားကို တော့ လွန်ခဲ့တဲ့ တစ်နှစ်က ရိုက်ကူးခဲ့ ကြတာဖြစ်ပြီး ထူးခြားမှုတွေရှိတဲ့ ဇာတ်ကားတစ်ကားလို့လည်း ဆိုရမှာ ပါ။
”နေတိုးနဲ့ မင်းသွေးက အပြင်မှာ လည်း ညီအစ်ကို၊ ဒီဇာတ်ကားမှာ လည်း ညီအစ်ကို။ ကျွန်တော်တို့ရိုက် ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲ မှာ သူတို့နှစ်ဦး ညီအစ်ကိုအနေနဲ့ သရုပ်ဆောင်တဲ့ တစ်ကားတည်းသော ဇာတ်ကားပါ။ ပြီးတော့ ဇာတ်ကား ရိုက်ကူးမှု ၇ဝ ရာခိုင်နှုန်းလောက် ရိုက်ပေးထားတဲ့ ကျောက်ဂူဆရာ တော်ကလည်း ၁ဝ လပိုင်းမှာ ပျံလွန် တော်မူ သွားတော့ ကျွန်တော်တို့ မုန်းစွဲက အမှတ်တရတွေနဲ့ ထူးခြား တဲ့ဇာတ်ကားပါ”လို့ပြောပါတယ်။
မင်းသွေး ရိုက်ကူးထားတဲ့ဇာတ်ကား တွေထဲက ‘မုန်းစွဲ’ အပြင် ‘မဟူရာ ရုပ်ရှင်ရုံ’ ၊ ‘သတ်ကွင်း’၊ ‘လေးပါး ကျော့ ရှိန်ဝရဇိန်’ နဲ့ ‘လူကြီး လူကောင်း’ ရုပ်ရှင်ဇာတ်ကားများကိုလည်း ရုံတင် ဖို့ ကျန်ရှိနေပါသေးတယ်။
ခိုင်ဝေလွင်