Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsမင်းမော်ကွန်း ရဲ့ဆယ်ကျော်သက် ဘဝဖြတ်သန်းမှု

မင်းမော်ကွန်း ရဲ့ဆယ်ကျော်သက် ဘဝဖြတ်သန်းမှု

Min-Maw-Kun

မင်းမော်ကွန်းက ဒါရိုက်တာ မောင်မျိုးမင်း ( ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ Rose Rider ( နှင်းဆီစီးခြင်း) ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဇွန်လေးဖြူတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားအတွက် သူ့ရဲ့ ပြင်ဆင်မှုများကို မင်းမော်ကွန်းက…..

“ပြင်ဆင်မှုတွေကတော့အစုံပါပဲ။ Pre-Production  တွေကလည်း အများကြီးလုပ်ရတယ်။ တစ်ယောက်ချင်းစီရဲ့ ကာရိုက်တာတွေကိုရွေးယူရတယ်။ နောက်ပြီး ဒီဇိုင်းတွေထုတ်တယ်။ ဝတ်မယ့်အဝတ်အစားတွေ တစ်ယောက်နဲ့ တစ်ယောက်မတူအောင် ပြင်ဆင်တယ်။ နောက်ပြီးဇာတ်လမ်းပိုင်းဇာတ်ညွှန်းပိုင်းတွေကို လည်းကျွန်တော်တို့ အကြိမ်ကြိမ် တိုင်ပင်တယ်၊ ဆွေးနွေးတယ် ၊ ညှိနှိုင်းတယ်၊ အကြိမ်ကြိမ် ပြန်ပြင်တယ်။ဇာတ်ကားထဲမှာ စီးမယ့် ဆိုင်ကယ်ပုံစံနဲ့ဒီဇိုင်းတွေ၊ နောက်ပြီးတော့ တစ်ယောက်ချင်းစီရဲ့ကာရိုက်တာကိုလိုက်ပြီးတော့ စီးမယ့်ဆိုင်ကယ်တွေကမတူဘူး။ တချို့တွေကျ ဈေးကြီးတဲ့ဆိုင်ကယ် ဖြစ်ချင်ဖြစ်မယ်၊ တချို့တွေကျတော့ ဆိုင်ကယ်ကတော့ဈေးမကြီးဘူး။ ဒါပေမဲ့အပြင်မှာ ဘယ်လိုမှဝယ်လို့မရဘူး။ ကိုယ့်ဘာသာ စိတ်ကြိုက်ဆင်ထားတဲ့ဆိုင်ကယ်မျိုးတွေပါ။ အကုန်လုံးကအစပြင်ဆင်ပါတယ်။ ပြီးတော့ နောက်တစ်ခုက မင်းသမီးရွေးချယ်ပွဲမှာလည်း ကျွန်တော်တို့ဆီ ရောက်လာတဲ့ အယောက် ၃ ထောင်ကျော်လောက်ထဲကနေ အဲဒါတွေကို တစ်ချိန်လုံးကို ပြန်ပြီတော့ စိစစ်လိုက်ရွေးလိုက်နဲ့ အဲဒါတွေ အားလုံးကိုပါ အများကြီးလုပ်ခဲ့ရပါတယ်”လို့ ပြင်ဆင်မှုတွေ အများကြီးလုပ်ထားကြောင်းကိုပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ ဆိုင်ကယ်စီးရမယ့် အခန်းများ ပါဝင်မှာဖြစ်ပြီး သူဆယ်ကျော်သက် အချိန်တုန်းက ဆိုင်ကယ်စီးတဲ့လူငယ်တစ်ယောက်အနေနဲ့ ဖြတ်သန်းဖူးတဲ့ အတွက် အခုဇာတ်ကားရိုက်ကူးတဲ့ အခါမှာတော့ ဆိုင်ကယ်စီးဖို့ အခက်အခဲသိပ်မရှိကြောင်းကို မင်းမော်ကွန်းက ….

“ကျွန်တော်တို့ ဆိုင်ကယ်မစီး ဖြစ်တာကနည်းနည်းတော့ကြာပါပြီ။ ဇာတ်ကားတွေထဲမှာတော့ကြိုကြားကြိုကြား နဲနဲပါးပါးလောက်ပဲ စီးဖြစ်ပါတယ်။ ငယ်ငယ် ဆယ်ကျော်သက်အချိန်တုန်းကတော့ ရန်ကုန်မြို့မှာဆိုင်ကယ်စီးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဆိုင်ကယ်လည်း စီးခဲ့ဖူးပါတယ်။ အဲဒီခေတ်ကိုလည်းမီခဲ့ဖူးတယ်။ ဆိုင်ကယ်စီးတဲ့ လူငယ်တစ်ယောက်အနေနဲ့လည်း ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီလိုဆိုတော့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ နည်းနည်းပါးပါး ပြန်ကျင့်ရုံပါပဲ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071