မကွေးတိုင်း၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စုတွင် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များနေထိုင်ရန် အခမဲ့ချထားပေးမည့် မြေနေရာအားဖော်ထုတ်လျက်ရှိသည်။
လက်ရှိအချိန်၌ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် အခမဲ့နေရာချထားပေးမည့် မြေနေရာ၏ အကွက်(၁)နှင့် အကွက်(၂)အတွင်း လမ်း၊ တံတားများ တစ်ကြောင်းထိုးဖောက်လုပ်ပြီး၍ လမ်းမြေသားတာဘောင်တင်ခြင်း၊ မြေနီကျောက်စစ်ခင်းခြင်း၊ လျှပ်စစ် မီးရရှိရေးအတွက် ၁၁ ကေဗွီ ACSR ဓာတ်အားလိုင်း (ဝ ဒသမ ၆၁)မိုင်တည်ဆောက်ခြင်း၊ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ(၂)လုံး တည်ဆောက်ခြင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်း(၂ ဒသမ ၃၀)မိုင်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သောက်သုံးရေရရှိရေးအတွက် Ø 4″ x 400′ သောက်သုံးရေစက်ရေတွင်းတူးဖော်ထားကာ အကွက် (၁)မြေနေရာတွင် လေကာတန်းစိုက်ခင်း(၁,၉၂၀)ပင်ကိုလည်း စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်နေမှုများအား မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ အောက်တိုဘာ ၁၁ ရက်နံနကိပိုင်းကကြည့်ရှုစစ်ဆေး၍ လမ်းညွှန်မှာကြားကာ ကဏ္ဍအလိုက်လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
