မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ နတ်မောက်လမ်းတွင် ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ဆီဘောက်ဆာကားနှင့် Light Truck ကားတို့မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်၊ နတ်မောက်လမ်းပေါ်ရှိ ကန်လှကျေးရွာအနီးတွင် ဆီဘောက်ဆာကားနှင့် Light Truck ကားတို့ မျက်နှာချင်းဆိုင်တို-က်မိခဲ့သဖြင့် မကွေးမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ကလေးငယ်(၁)ဦး၊ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ ထိခိုက်ဒ-ဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားသဖြင့် မြေပြင်လူမှုကူညီရေးအသင်း၊ KS လူမှုကူညီရေးအသင်းနှင့် ရောင်စုံလူမှုကူညီရေးအသင်းတို့က မကွေးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
