မကွေးတိုင်း၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီး၌ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင် ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်း ဖော်ဆောင်နေမှုအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်မှ မေ (၂ ၄) ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်စစ်ဆေးစဉ် ဝန်ကြီးက စီမံကိန်း တာ ဝန်ယူ ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဓာတ်အားအပြည့်အဝထု တ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် အရှိန်အဟုန်ဖြင့်ဟန် ချက်ညီဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း Solar Panel များတပ်ဆင်ရန် မြေပြုပြင်နေမှု၊ Engine Foundation လုပ်င န်းများ ဆောင်ရွက်ပြီးစီးမှု၊ သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေး အင်ဂျင်စက်ကြီးများရောက်ရှိနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင် ပေါင်းစပ်သုံးဓာ တ်အားပေးစက်ရုံစီမံကိန်းအား မကွေးမြို့ နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေ ၅၉၈ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး စက်တပ်ဆင်အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့် Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုးတပ်ဆင်ထားခြ င်း ဖြစ်သည်။
စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှ တဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ ၃၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။