လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မကွေးတိုင်းတွင် အီလက်ထရောနစ်မဲပေးစက်(MEVM)စက် (၅၂၈၈)လုံးအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း၌ရွေးကောက်ပွဲကျင်းပရာတွင် အပိုင်း(၁) ၏ မြို့နယ်(၉)မြို့နယ်တွင် မဲပေးစက်(၄၂၅၉)လုံး အသုံးပြုသွားမည်ဖြစ်ကာ အပိုင်း(၂)၏ မြို့နယ်(၁၁) မြို့နယ်တွင် မဲပေးစက်(၂၃၁၈)လုံးအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုနည်းပြဆရာဖြစ်သင်တန်း၊ ဘက်ထရီထိန်းသိမ်းထားသိုနည်းနှင့် အသုံးပြုနည်းသင်တန်းအား ယနေ့ အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
သင်တန်း၌ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ဆရာ/ဆရာမများ၊ ခရိုင်၊ မြို့နယ်နည်းပညာအထောက်အကူပြုအဖွဲ့အပါ အဝင် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဝန်ထမ်းများ(၇၇) ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။
