Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeNewsLocal Newsမကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့်...

မကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့် ကျပ် (၃၇) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည် ကျပ် (၃၇) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ မင်းဘူးမြို့ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့်လိုက်ပါလာသည့် CANTER ခြောက်ဘီးယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေ ကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံ) ကို ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ပေးနေသည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့နှစ်ဦးကို မကွေးမြို့နတ်မောက်လမ်းရှိ မကွေးဟိုတယ်တွင် SUPER CUSTOM ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အောင်မြေသာစံမြိုနယ် ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်းတို၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် HYUNDAI STAREX ယာဉ်တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းလည်း ဖြစ်ပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာနေ မင်းမင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး စစ်ကိုင်းမြိုနယ်မှ မင်းတုန်းမြို့သို့လည်းကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071