Thursday, February 12, 2026

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ

ကလေးသူငယ်များအား မှန်ကန်သော ပြုစုပျိုးထောင်မှု စနစ်တကျဆောင်ရွက်ပေးရန်လိုအပ်

ရှေးဦးအရွယ် ကလေးသူငယ်ကာလသည် ကိုယ်ဝန်ဆောင်စဉ်မှ အသက်ရှစ်နှစ်အရွယ်အထိပါဝင်ပြီး လူသားဖွံ့ဖြိုးမှု၏ အစောပိုင်းကာလများဖြစ်သောကြောင့် ကလေးသူငယ်များအား မှန်ကန်သော ပြုစုပျိုးထောင်မှု စနစ်တကျဆောင်ရွက်ပေးရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeArticlesမကျန်းမာသူများ

မကျန်းမာသူများ

a-kyi-taw-copy

အကြည်တော်

ဒီနှစ်ပိုင်းဘာဖြစ်တယ် မသိပါ ဘူး။ ကျွန်တော်ကိုယ်တိုင် တစ်နေ့ကို ဆေးလေးလုံး လောက်နေ့စဉ်ပုံ မှန် သောက်ရပါတယ်။

အရင်က ပေပေတေတေနေခဲ့ တုန်းက ဘာမှမဖြစ်ပေမယ့် အခု အိမ်မှာနေရင်ကို မကျန်းမာလှပါ ဘူး။

စားနေရတဲ့အစားအသောက်က ပဲ ပုံစံမမှန်လို့လား၊ ဒါမှမဟုတ် ကိုယ်တိုင်နေထိုင်ပုံပဲ ပြောင်းသွား လား မပြောတတ်ပါဘူး။ နေ့စဉ်နဲ့ အမျှ အကြောတက်သလိုလို၊ ခေါင်း ကိုက်သလိုလို၊ ဗိုက်အောင့်သလိုလို နဲ့ အမြဲတမ်း ချူချာနေရပါတယ်။

ဆေးတွေလည်း ပုံမှန်သောက် နေပါလျက်နဲ့ သိပ်နေမကောင်းတာနဲ့ ဆရာဝန်နဲ့ ထပ်ပြီးတိုင်ပင်ရပါတယ်။

“ဆေးချည်းပဲအားကိုးမနေနဲ့ ဆရာ။ ကိုယ်တိုင်လည်း ကျန်းမာ ရေးလေးဘာလေးလုပ်ပေါ့”

သူ့အကြံပေးချက်ကို လက်ခံရပါ တယ်။ မှန်ပါတယ်။ ကောင်းမယ် ထင်တဲ့ဆေးတွေချည်းလှိမ့်စားပြီး ကိုယ်တိုင်က ကိုယ်လက်လှုပ်ရှား မလုပ်ရင် သိပ်ပြီးတော့ အကျိုးရှိ လှတယ်တော့ မဟုတ်ပါဘူး။

ဒါကြောင့် အခုတော့ ဆောင်း တွင်းလည်းဝင်ပါပြီ။ (သိပ်လည်း မအေးပါဘူး) မနက်စောစောထပြီး ကိုယ်လက်လှုပ်ရှားလေးလုပ်ဖို့ ကြိုး စားရပါတယ်။

ခါတိုင်း မနက်(၇)နာရီလောက် မှ အိပ်ရာကထနေရာကနေ မနက် (၅)နာရီပြောင်းထလိုက်ရတာ လွယ် လှတာတော့ မဟုတ်ပါဘူး။

(၅)နာရီဆိုတာ အလင်းရောင် သိပ်မြင်လှသေးတာလည်း မဟုတ်ပါ ဘူး။ ဒါကြောင့် လူပြတ်တဲ့ဘက်ကို လမ်းလျှောက်ဖို့၊ ပြေးဖို့ဆိုတာ သိပ် လုံခြုံလှတာ မဟုတ်ပါဘူး။ (ဖြစ်နိုင် ရင်တော့ လူမရှိတဲ့နေရာမှာ အေး အေးဆေးဆေးလေ့ကျင့်ခန်းလုပ်ချင် တာပေါ့။)

မတတ်သာတဲ့အဆုံး လူ အများစု၊ ကျန်းမာရေးပြုလုပ်ရာ၊ အနီးအနားက တံတားလေးတစ်ခုဆီ ပဲ ပြေးသွားမိပါတယ်။

“အဲ”

အဲဒီမှာကတော့ ကျွန်တော့်လို ပဲ မနက်စောစော ကျန်းမာရေး လေ့ကျင့်သူတွေနဲ့ စည်ကားလှပါ တယ်။

ကျွန်တော့်ကို မြင်တော့ အသိ တစ်ယောက်က..

“ဆရာကျန်းမာရေးလေ့ကျင့် ခန်းလာလုပ်တာလား”

နှုတ်ဆက်တော့ ကျွန်တော်သူ့ နားသွားမိပါတယ်။

“ဟုတ်တယ်ဗျ။ လူက နေမ ကောင်းဖြစ်လာလို့”

သူက ကိုယ်လက်လှုပ်ရှားလုပ် ရင်း

“ဟုတ်တယ်ဗျ။ အခုဟာက စားရတာတွေက ဘာတွေဖြစ်မှန်း မသိဘူး။ အသီးအရွက်ကအစ ဆေးဆိုးတာနဲ့။

ပိုးသတ်ဆေးတွေ ဖြန်းထားတာနဲ့ဆိုတော့ တော်ရုံမစား ရဲဘူး။ နောက်ပြီး ငရုပ်သီးမှုန့်တွေ ကလည်း အစစ်လား အတုလား မသိ ဘူးဗျာ။
ဒါတင်မကဘူး။ စားနေရတဲ့ ဆီတွေကလည်း ရင်တောင် ကျပ် တယ်ဗျာ”

ကိုယ်လည်း အဲလိုပဲ ခံစားနေရ တာမို့ ခေါင်းညိတ်မိတယ်။

“အစားသောက်တွေ ကိုယ်တိုင် ချက်စားတာတောင် ဒီလောက်ဆိုရင် ဆိုင်မှာဆို စဉ်းစားကြည့်ဗျာ။ ကဲ.. သွားမယ်ဆရာရေ၊ အလုပ်က သွားရ ဦးမှာမို့ စိတ်ညစ်တယ်”

သူထွက်သွားတော့ ကိုယ်လည်း နည်းနည်း ညစ်သွားတယ်။ ဒါနဲ့တံ တားပေါ်တက်ပြီး လေကောင်းလေ သန့် ရှူမယ်လုပ်တော့မှ တံ တား အောက်က ပစ်စလက်ခတ်ပစ်ထားတဲ့ အမှိုက်တွေမြင်ပြီး အသက်တောင် အောင့်မိသွားတယ်။

“ဟာ ကိုကြည် စောစောစီးစီး ပါလား”

ရပ်ကွက်ထဲက ကျန်းမာရေး လုပ်သူ အသိတစ်ယောက်နဲ့ ထပ် တွေ့တယ်။

“အေးဗျာ နည်းနည်းနေ မကောင်းသလိုဖြစ်လို့”

သူက ကျွန်တော့်နား အကြော တွေလျှော့နေတယ်။ ပြီးမှ

“ဟိုမှာတော့ ချနေပြီနော်”

“ဗျာ”

အရင်းမရှိအဖျားမရှိ ပြောတော့ ကြောင်နေမိတယ်။ ဒါကို သူက

“နယ်စပ်တွေမှာလေ။ မနေ့က တိုက်ပွဲတွေဖြစ်လို့”

“အော်”

စိတ်က သူပြောတဲ့ နယ်စပ်တိုက် ပွဲတွေဆီ ရောက်တယ်။

“အဲ့ဒါ ဘယ်သူလွန်တယ်ထင် လဲ”

“ဗျာ အဲဒါတော့ သိပါဘူးဗျာ”

“ကျွန်တော့်အထင်က”

တိုက်ပွဲတွေ အမြောက်တွေ ကျည်ဆန်တွေ ခေါင်းထဲရောက်လာ ပြန်တယ်။

“သွားမယ်ဗျာ။ စကားက ပြော လို့တော့ ကောင်းပါရဲ့။ အိမ်မှာက လေးကျောင်းပို့ရဦးမယ်။ ကလေး စရိတ်ကလည်း မလွယ်ပါဘူးဗျာ”

အော်… ငါမိန်းမ မယူမိတာ ကံကောင်းတာပဲလို့ စိတ်ထဲ ထိတ်ခနဲ ဝမ်းသာမိသေး။ ဒီလိုနဲ့ ဘာမှ မထူး ခြားဘဲ အိမ်ဘက်လှည့်ပြန်မ ယ်လုပ် တော့

“ဟာ.. ကိုကြည် ပြန်တော့မှာ လား”

“ဟုတ်ကဲ့ဗျ”

“အတော်ပဲ ကျွန်တော်လည်း ပြန်တော့မလို့၊ ကားထွက်ရဦးမှာမို့ လေ”

“အော်”

ရပ်ကွက်ထဲက တက္ကစီသမား အတူလမ်းလျှောက်ရင်း

“မလွယ်ဘူး ကိုကြည်ရာ၊ ရန် ကုန်မြို့ကြီးကားလမ်းပိတ်တာနဲ့ ဒီ ကြားထဲ ကုန်ကားသမားတွေ ဆန္ဒပြ လို့ဆိုလား”

စိတ်က ရန်ကုန်မြို့ မြင်ကွင်းဆီ ပြန်ရောက်သွားတယ်။

“တစ်နေ့ကလည်း တက္ကစီ သမားကို ဓားပြတိုက်လို့တဲ့”

သူ့ရဲ့စကားတွေနားထဲ တန်း စီဝင်လာတယ်။ လူကလည်း ငြီး စီစီဖြစ်လာတယ်။

“ရန်ကုန်မြို့လယ်မှာ ဓားပြ တိုက်လို့လေ။ အဲဒါ”

ခေါင်းကိုက်သလိုဖြစ်လာတယ်။ “တကယ်လို့များ အဲ့ဒီဓားပြတိုက်ခံ ရတာ ကိုယ်များဖြစ်နေရင်ဆိုတဲ့ စိတ်က ခေါင်းထဲ ဝင်လာပြန်တယ်။
လူက ကျန်းမာရေးနည်းနည်း လုပ်လို့ နုံးနေတာလား၊ မပြေလည် သံတွေကြားပြီး နေမကောင်းဖြစ်ချင် တာလား၊ မဝေခွဲတတ်တော့ဘူး။
လမ်းပေါ်ကြည့်တော့လည်း ဒီဇင်ဘာလမှာ ကျန်းမာရေးပြုလုပ် သူတွေ အများအပြား။ ဒါပေမဲ့ သူတို့ ရဲ့ မျက်နှာတွေ ရွှင်ရွှင်ပျပျမရှိကြ ဘူး။

ကျန်းမာချင်ကြပေလျက်၊ မကျန်းမာတဲ့ မျက်နှာတွေ။

ချွေးတွေကို သီးလို့။

အကြည်တော်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071