Sunday, June 14, 2026

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ...
HomeArticlesမကာအိုမြို့ပြ သင်ခန်းစာမှ ပေးစွမ်းသည့်...

မကာအိုမြို့ပြ သင်ခန်းစာမှ ပေးစွမ်းသည့် မျိုးဆက်အနာဂတ်အရေးအနာဂတ်အတွေး

than

စင်ကာပူ၊တရုတ်၊ဟောင်ကောင်၊မကာအို သို့ပါလီမန်လေ့လာရေးခရီးစဉ်ကို ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ဆရာမသန်းမြင့်အောင်၊တို့နှင့် အတူ ပန်းဘဲတန်း တိုင်းေ ဒသကြီးကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ဒေါ်စိုးပပလှိုင်တို့အပါအဝင် အဖွဲ့ဝင် ၁၃ ဦးက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထွက်ခွာသွား ခဲ့ကြပါတယ်။ဒီခရီးစဉ်မှာ လေ့လာဖြစ်တဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ဆရာမ သန်းမြင့်အောင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားမှု တွေကိုပရိသတ်များ ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ရ ပါတယ်။

ဒီနေ့ MACAU ကနေ HONG KONG ပြန်လာတယ်။ နေရာအနှံ့လုပ်စရာတွေကတော့ အများကြီးပါပဲ “အုံဖွ” လို့မန်းလိုက်တာနဲ့ ချက်ချင်းဖြစ်သွားတဲ့ အတတ်ပညာမရှိ လေတော့စုပေါင်းအားနဲ့ပဲ လုပ်ရမှာပါ။ လူလိုတယ်၊ ငွေလိုတယ်၊ ပညာရှင်လိုတယ်။ အဲဒီအတွက် အချိန်လည်း လိုသင့်သလောက်လိုဦးမယ်။ မကာအိုဟာလောင်းကစားမြို့ တော်ကြီးပါ။ နိုင်ငံတကာက ပိုက်ဆံပေါလို့လာကစားကြတဲ့လူတွေကို အလကားပေးကစားတယ်။ (အဲဒါမှ များများလာ၊ များများ ပိုက်ဆံရ၊ ကိုယ့်ဆီကလူကစားရင်တော့ တစ်ယောက် ၁ဝဝကောက် လို့သိပ်မသွားကြဘူးတဲ့။) ပြီးတော့ မူကြိုအရွယ်ကတည်းက အထက်တန်းအထိ ပညာရေးရော၊ ကျန်းမာရေး ရော၊ အခမဲ့ဝန်ဆောင်မှု ပေးတယ်။ အသက် ၆၅ နှစ်ကစလို့ သက်ကြီး ရွယ်အို တွေကို ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုပေးတယ်။ ဟောင်ကောင်နဲ့ မကာအိုသင်္ဘောစီးရတယ်။(တံတားထိုးနေတာနောက်တစ်နှစ်ခွဲလောက်နေမှပြီးမှာ)သင်္ဘောဆိပ်က လေဆိပ်နဲ့မှားတယ်။ တစ်ပုံစံတည်း ပဲ။ ဟောင်ကောင်မှာလည်း ကား မှတ်တိုင်တွေမှာ တန်းစီစောင့်ဆိုင်း နေကြသူတွေ၊ ခေတ်မီ၂ထပ်ကား တွေ၊ ကားပါကင်ကို နည်းပညာနဲ့ အမှတ်အသားပြု နေရာပေး၊ ငွေ ကောက်ခံတဲ့နေရာ လမ်းတွေကျဉ်း ပေမယ့် စည်းကမ်းတကျမောင်းကြလို့ အဆင်ပြေကြပါတယ်။ (ဒါတောင် ကားကျပ်တာတွေတော့ ရှိနေဆဲ) မြန်မာနိုင်ငံအတွက် အများကြီး လုပ်ရဦးမှာ။ ဒါပေမဲ့ အချိန်ကာလ၊ ငွေ၊ နည်းပညာပေါင်းစပ်ပြီး ချက် ချင်းပြီးချင်တဲ့ ဆန္ဒကတော့ လူတိုင်း မှာရှိပါတယ်။ နည်းနည်းတော့ စိတ်ရှည်ကြရပါဦးမယ်။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကအားလုံးသိတဲ့အတိုင်း ကုန်းရုန်း ထနေရတဲ့ကာလပါ။ လိုချင်တဲ့သူတွေ တဖြည်းဖြည်း နည်းသွားပြီး ပေးချင်တဲ့လူတွေ (ငွေကြေးမှ မဟုတ်ပါဘူး။ စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ ရောင့်ရဲတင်း တိမ်ခြင်း၊ အပြန်အလှန်နားလည် မှုရှိခြင်းစတဲ့) ပိုပိုများလာတဲ့အချိန်ကျ ရင်အားလုံး ပျော်ရွှင်တဲ့ တစ်နေ့ ဖြစ်လာမှာပါ။ နောင်မျိုးဆက် သားသား၊ မီးမီးတို့ တစ်ဘဝလုံး အတွက် ကျွန်မတို့ကတော့ မသေ မချင်း ကြိုးစားသွားပါမှ တော်ခါ ကျ မှာပါ (ကျွန်မက ၆၄နှစ် ထဲဝင်နေတဲ့ အချိန်မရွေးသေနိုင်တဲ့ကိုယ့်အ တွက်ပြောတာပါ)။

သန်းမြင့်အောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071