Friday, December 13, 2024

အီလွန်မတ်စ် ပိုင်ဆိုင်မှုပမာဏ ဘီလျံ ၄၀၀...

ဝါရှင်တန်၊ဒီဇင်ဘာ ၁၂ SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg...

မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့်ကျေးဇူးဆပ်ရန်လိုသကဲ့သို့ တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရန်...

ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအပြီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘဆွေမျိုးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် တပ်ချုပ်မှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂...

တပ်ချုပ်တက်ရောက်ခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ

နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းကပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား...
HomeInternationalမကာအိုတွင် ကိုဗစ်ဖြစ်နေသော်လည်း ကာစီနိုများအား...

မကာအိုတွင် ကိုဗစ်ဖြစ်နေသော်လည်း ကာစီနိုများအား ဆက်ဖွင့်ထား

မကာအိုတွင် ကိုဗစ်ဖြစ်နေသော်လည်း ကာစီနိုများအား ဆက်ဖွင့်ထား

ဟောင်ကောင်၊ ဇွန် ၂၀ ရက်

ကမ္ဘာ့အကြီးဆုံးလောင်းကစားစင်တာ မကာအိုသည် ပြီးခဲ့သည့်အပတ် ပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု များစွာတွေ့ရှိပြီးနောက် ဇွန်လ ၂၀ ရက် တနင်္လာနေ့တွင် ၎င်း၏ ဒုတိယမြောက်ရက်အနေဖြင့် လူပေါင်းများစွာအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုစတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအများစုကိုလည်း ပိတ်ထားကြောင်း သိရသည်။ သို့ရာတွင် ၎င်း၏ ကာစီနိုလုပ်ငန်းများကိုမူ ဆက်လက်ဖွင့်ထားဆဲရှိကြောင်း သိရသည်။

မကာအို၌ နေထိုင်သူ ခြောက်သိန်းခန့်အား စစ်ဆေးနေသည့် အဆိုပါ စမ်းသပ်စစ်ဆေးမှုကို အင်္ဂါနေ့တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားပြီး မကာအိုသည် ကိုဗစ်-၁၉ အား အမြစ်ပြတ်ချေမှုန်းပစ်ရန် ရည်ရွယ်ထားသည့် တရုတ်နိုင်ငံ၏ “zero COVID” မူဝါဒကို လိုက်နာလျက်ရှိသည်။

နေထိုင်သူအများစုကိုလည်း အိမ်တွင် နေထိုင်ရန် တောင်းဆိုထားပြီး စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်ခွင့် ပိတ်ပင်ထားမည်ဖြစ်ကာ နယ်စပ်ဝင်ခွင့်များကိုလည်း တင်းကျပ်ထားကြောင်းသိရသည်။

ထို့ကြောင့် မကာအိုရှိ ကာစီနိုများ၌ လာမည့်အပတ်များအတွင်း လာရောက်ဆော့ကစားသူများ နည်းပါးလာမည်ဖြစ်ခါ ကာစီနို၏ဝင်ငွေသည်လည်း နည်းပါးလာနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

မကာအိုအစိုးရသည် ၎င်းဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကျော်အား ကာစီနိုများမှ ရရှိခြင်းဖြစ်ပြီး နေထိုင်သူအများစုသည်လည်း ကာစီနိုလုပ်ငန်းများ၌ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အလုပ်လုပ်ကိုင်နေရသူများ ဖြစ်သည်။

လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ရုတ်တရတ်ဖြစ်ပေါ်လာကာ လျင်မြန်စွာပြန့်နှံ့နေပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း မသိရသေးကြောင်း မကာအို၏အမှုဆောင်အရာရှိချုပ် ဟိုအိုက်ဆန်က အစိုးရ၏ ဝက်ဆိုဒ်၌ ထုတ်ပြန်ကြေငြာခဲ့သည်။

မကာအို၏ ဥပဒေပြုလွှတ်တော်သည် မကာအိုရှိ ကာစီနိုများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် ကာစီနိုအော်ပရေတာများအား ခြောက်လသက်တမ်းတိုးခွင့်နှင့် ပြင်ဆင်ထားသည့် ဂိမ်းဥပေဒေများကိုလည်း ဇွန်လ ၂၃ ရက်၌ တရားဝင် အတည်ပြုလက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီလွန်မတ်စ် ပိုင်ဆိုင်မှုပမာဏ ဘီလျံ ၄၀၀ ရှိလာ

ဝါရှင်တန်၊ဒီဇင်ဘာ ၁၂ SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg Billionaires Index ၏ဖော်ပြချက်အရသိရသည်။ SpaceX ၏ မကြာသေးမီက အတွင်းပိုင်းရှယ်ယာရောင်းချမှုများက မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုကို မြှင့်တင်ပေးခဲ့ပြီး ရှယ်ယာအရောင်းအ၀ယ်က ၎င်း၏ပိုင်ဆိုင်မှုကြိ ဒေါ်လာ ၅၀ ဘီလျံအထိ မြင့်တက်စေခဲ့သည်။ ယင်းအပြင် SpaceX ရဲ့ စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၅၀ ဘီလျံအထိရှိလာစေခဲ့ပြီး ဤအနေအထားကြောင့် SpaceX ကို ကမ္ဘာ့တန်ဖိုးအရှိဆုံးပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်မှုကိုလည်းခိုင်မာစေခဲ့သည်။ SpaceX...

မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့်ကျေးဇူးဆပ်ရန်လိုသကဲ့သို့ တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရန် တပ်ချုပ်မှာကြား

ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအပြီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘဆွေမျိုးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က " ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးကိုသိတတ်ဖို့နဲ့ ကျေးဇူးဆပ်ဖို့လိုအပ်သလို တပ်မတော်အပေါ်မှာလည်း ကျေးဇူးသစ္စာ စောင့်သိရပါမယ် မိမိတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ မိသားစုတွေရဲ့ ရည်မှန်းချက်တွေ မပပျောက်စေဖို့အတွက် စစ်သားကောင်းတစ်ယောက်ပီသစွာနဲ့ ဘဝတစ်လျှောက်လုံးဆက် လက်ကြိုးစားဆောင်ရွက်သွားရပါမယ်"ဟု မှာကြားသည်။ ထို့ပြင် မိမိကိုယ်ကိုထိန်းထိန်းသိမ်းနေထိုင်ပြီး မိသားစု၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန်...

တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် တပ်ချုပ်မှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့အား ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစဉ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တ ကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကာ ထိန်းသိမ်းရာတွင်လည်း ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြား အသုံးအဆောင်ပစ္စည်းများအား ရှေးဟောင်းလက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံးရှာဖွေထည့်သွင်းသုံးစွဲရန်မှာကြားခဲ့သည်။ ထို့ပြင် ပြင်ဦးလွင်မြို့ရှိ အခြား ရှေးဟောင်းအဆောက်အဦများကိုလည်း စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ရှိသူများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071