ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများပါဝင်သော အလှကုန်ပစ္စည်း ၄ မျိုးအား ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ခဲ့သည်။
NOVO / Noble eye Shadow(Shining Dream) တွင် တားမြစ်ဓာတုပစ္စည်း Lead(+) , Anylady – 3 Colors Blusher တွင် တားမြစ်ဓာတုပစ္စည်း Rhodamime B(+) , Lead(+) တို့ပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့ပြင် Comfor Beauty(Matte Lipstick) တွင် တားမြစ်ဓာတုပစ္စည်း Rhodamine B(+) , ANYLADY(Professional Make Up Kit)(Unicorn Love Sweets) တွင် တားမြစ်ဓာတုပစ္စည်း Rhodamine B(+) , Lead(+) တို့ပါဝင်သည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
FDA Myanmar မှ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း ၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများအား စစ် ဆေးရာမှ ယင်း အလှကုန်ပစ္စည်း ၄ မျိုးသည် FDA Myanmar ၌ မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် သုံးစွဲရန်မသင့်တော်ကြောင်း အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အလှကုန်ပစ္စည်းတင်သွင်းရောင်းချသည့် ကုမ္ပဏီနှင့်လက်လီလက်ကားဆိုင်များသည် FDA တွင်မှတ်ပုံတင်ထားခြင်းမရှိသည့် သုံးစွဲရန်မသင့်ကြောင်းကြော်ငြာထားသော အလှကုန်ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရောင်းချပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃ ၊ အပိုဒ် ၃(ဃ)အရ အရေးယူခံရမည်ဖြစ်သည်။
ထို့ပြင် တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အ တွင်းသို့စုတ်ယူ၍ ထုံကျင်ခြင်း၊ ကြက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများဖြစ်ပွားနိုင်သည်ဟု FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

