(Unicode)
ဘေကျင်းအိုလံပစ်ပွဲကို အမေရိကန်မတက်ရောက်

ဘေကျင်းမှာကျင်းပမယ့် ၂၀၂၂ အိုလံပစ်ပွဲ တော်ကို အမေရိကန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်မှာမဟုတ်ကြောင်း ဘိုင်ဒန်အစိုးက ယခုသီတင်းပတ်မှာ ကြေညာဖွယ်ရှိတယ်လို့ CNN သီတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။
အိမ်ဖြူတော်ကတော့ CNN ရဲ့ ထုတ်ပြန်ချက် အပေါ်မှာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ယခုလို အမေရိကန်ရဲ့ သပိတ်မှောက်မှုဟာ ၄င်းရဲ့အားကစားသမားတွေ ဘေကျင်းအိုလံပစ် အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်းကို တားဆီးမှာမဟုတ်ဘူးလို့ CNN ကပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လူနည်းစုမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ကန့်ကွက်ရန်အတွက် သံတမန်နည်းအရ သပိတ်မှောက်ဖို့ စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
Source- NHK
Photo credit-CGTN
(Zawgyi)
ေဘက်င္းအိုလံပစ္ပြဲကို အေမရိကန္မတက္ေရာက္
ေဘက်င္းမွာက်င္းပမယ့္ ၂၀၂၂ အိုလံပစ္ပြဲ ေတာ္ကို အေမရိကန္အစိုးရတာဝန္ရွိသူေတြ တက္ေရာက္မွာမဟုတ္ေၾကာင္း ဘိုင္ဒန္အစိုးက ယခုသီတင္းပတ္မွာ ေၾကညာဖြယ္ရွိတယ္လို႔ CNN သီတင္းဌာနမွာ တနဂၤေႏြေန႔က ေဖာ္ျပခဲ့ပါတယ္။
အိမ္ျဖဴေတာ္ကေတာ့ CNN ရဲ႕ ထုတ္ျပန္ခ်က္ အေပၚမွာ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။
ယခုလို အေမရိကန္ရဲ႕ သပိတ္ေမွာက္မႈဟာ ၄င္းရဲ႕အားကစားသမားေတြ ေဘက်င္းအိုလံပစ္ အားကစားၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ျခင္းကို တားဆီးမွာမဟုတ္ဘူးလို႔ CNN ကေျပာပါတယ္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က လူနည္းစုမြတ္စလင္မ်ားအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈအပါအဝင္ တ႐ုတ္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရးမွတ္တမ္းကို ကန္႔ကြက္ရန္အတြက္ သံတမန္နည္းအရ သပိတ္ေမွာက္ဖို႔ စဥ္းစားေနတယ္လို႔ ၿပီးခဲ့တဲ့လက ေျပာၾကားခဲ့ပါတယ္။
Source- NHK
Photo credit-CGTN