Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeCelebrities' Newsဘုရား၊ တရား လုပ်တဲ့အချိန်၊...

ဘုရား၊ တရား လုပ်တဲ့အချိန်၊ ဘုရားရိပ်၊ တရားရိပ် ကို ခိုတဲ့အချိန်မှာ အရာအားလုံး အေးချမ်းပါတယ် ဖြိုးလေး (Snare)

phyolayမြတ်စွာဘုရားကို သက်ဝင် ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ ဘယ်နေရာပဲ ရောက်ရောက်၊ ဘယ်လိုအကြောင်း ကိစ္စပဲရှိရှိ ရင်ထဲမှာ မြတ်စွာဘုရား ကိန်းဝပ်နေဖို့ လိုအပ်လှပါတယ်။ ပုထုဇဉ်လောကီ လူသား တို့အဖို့ နေ့စဉ်နဲ့အမျှ သွားလာ လှုပ်ရှားရင်း လောကဓံကြားမှာ မောပန်းမှုတွေ နဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ တကယ့်ကို အေးချမ်းမှု၊ ငြိမ်းအေးမှုအစစ်အမှန် ကို ပေးစွမ်းနိုင် တာက ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ပါ။ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အနေနဲ့ ကတော့ မနက်၊ ည ပုံမှန် ဘုရားရှိခိုး နိုင်ရင် ပိုကောင်းသလို အလုပ်တွေ တအား များနေလို့ ဘုရားမရှိခိုးနိုင် ရင်တောင် ရင်ထဲမှာ ဘုရား၊ တရား၊ သံဃာ အမြဲ ရှိနေသင့်ပြီး ငါးပါးသီလ ကတော့ လုံခြုံအောင် ဆောက်တည် သင့်လှပါတယ်။ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ ဟစ်ဟော့ပ် အဆိုတော် ဖြိုးလေးက သူရောက်တဲ့ နေရာတိုင်းမှာ ဘုရားသွား၊ ကျောင်း တက် လုပ်လေ့ရှိတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ထက်မှာ မကြာခဏ တွေ့ရလေ့ ရှိတာကြောင့် သူ့ကို ယုံကြည်ပွားများ ဘာသာ တရား ကဏ္ဍ အတွက် မေးမြန်းဖြစ်ခဲ့ ပါသေး တယ်။ သူက..

“ကျွန်တော် ကတော့ မနက် အိပ်ရာနိုးနိုးချင်းမှာ ကိုယ်တိုင် မရွတ် နိုင်ရင်တောင်မှ မေတ္တသုတ် နဲ့ပဋ္ဌာန်း ကို အမြဲတမ်းဖွင့်ဖြစ်တယ်။ ရွတ် တယ်။ ဘုရား ရှိခိုးတယ်။ နောက် တစ်ခုက ဘယ်မြို့ပဲ သွားသွား အဲဒီမြို့က ဘုရား ပုထိုးစေတီတွေကို ဖူးမြော်တယ်။ ရှိခိုးတယ်။ လှူဒါန်း ဖြစ်တယ်။ အဲဒီလို ဖူးမြော်ခွင့်ရတာ ကိုလည်း ပီတိဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်ထဲမှာ ဆိုလည်း ကျိုက်ထီးရိုး ဘုရား သွားဖူးဖြစ်တာတွေ ရှိပါတယ်။ အလှူအတန်း ကတော့ ကြုံရင် ကြုံသလို လုပ်ဖြစ်ပါတယ်။ တကူး တကကြီး ဆိုရင်တော့ မွေးနေ့ တွေမှာ လှူဖြစ်တယ်။ ကျွန်တော့် စိတ်ထဲမှာ အလုပ်တွေ တအားများပြီး ပူလောင် လို့ရှိရင် ပုတီးလေး ဘာလေးစိပ်၊ တရားထိုင်၊ အဓိဋ္ဌာန် ဝင်တာမျိုးတော့ လုပ်ဖြစ်ပါတယ်” လို့ ဖြိုးလေးက ပြောပါတယ်။ ဆက်လက် ပြီး သူပြော တာက..

“ဘုရား၊ တရား၊ သံဃာကို ဆည်းကပ် ကိုးကွယ်တာက တခြား အရာတွေကို ခဏထားပါဦး။ ပူလောင်နေတာတွေက ဘုရား၊ တရား လုပ် တဲ့ အချိန်၊ ဘုရားရိပ်၊ တရားရိပ်ကို ခိုတဲ့အချိန်မှာ အရာ အားလုံး အေးချမ်းပါတယ်။ အဲဒီ တစ်ခုကတော့ ဘုရား၊ တရား ဆည်းကပ် သူတိုင်း ဖြစ်မှာပါ။ ကျွန်တော်တို့ ယုံကြည်လို့ ကိုးကွယ် ကြတာကိုး” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။ ဗုဒ္ဓဘာသာဝင် တွေဆိုတာ အလှူရေစက် လက်နဲ့ မကွာ ဆိုသလို အလှူအတန်းမှာ ရက်ရက်ရောရော လှူဒါန်း တတ်ကြ တာ သဘာဝပါ။ ကောင်းတာ လုပ်ရင် ကောင်းကျိုးဖြစ်မယ် ဆိုတဲ့ ကံကံရဲ့ အကျိုးကို ယုံကြည် လက်ခံကြတာကိုး။ မကြာမီ ရောက်ရှိတော့မယ့် မွေးနေ့ အတွက် ဖြိုးလေးက အစီအစဉ် တစ်ခုကို စီစဉ်နေပါတယ်။

“အခု ၃ လပိုင်း  ၂၁ ရက် နေ့ဆို ကျွန်တော့် မွေးနေ့ ရောက်တော့မှာပါ။ ခါတိုင်း မွေးနေ့တွေက လှူတော့လှူ ဖြစ်တယ်။ ဒါပေမဲ့ အပျော် အပါး ပါတီတွေပဲ ပိုများနေတယ်။ ဒီနှစ်မှာ တော့ သေသေချာချာ၊ ကောင်း ကောင်းမွန်မွန် နဲ့ အလှူ အတန်းကြီး လှူဖြစ်မှာပါ” လို့ ဖြိုးလေးက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071