Sunday, November 9, 2025

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၈ ရက်က FX...
HomeNewsLocal Newsဘုရားဖူးများအဆင်ပြေစေရေး ပါဒစေတီတော်၊အောက်ခြေတော်ရာမြတ်သို့သွားရောက်သည့် ယာယီချောင်းကူးတံတားအား...

ဘုရားဖူးများအဆင်ပြေစေရေး ပါဒစေတီတော်၊အောက်ခြေတော်ရာမြတ်သို့သွားရောက်သည့် ယာယီချောင်းကူးတံတားအား ရေအမြင့်နှင့်လျော်ညီပြီး ဘုရားရင်ပြင်တော်ထက်မမြင့်သည့် ယာယီဘေလီသံတံတားတည်ဆောက်ရန် နစက ဥက္ကဋ္ဌမှာကြား

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးသည် နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းက မကွေးတိုင်း၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးသည် မန်းရွှေစက်တော်ဘု ရား၊ပါဒစေတီတော်အောက်ခြေတော်ရာမြတ်အား ဖူးမြော်ကြည်ညို၍ ပန်းရေချမ်းနှင့်ရွှေသင်္ကန်းများကပ်လှူပူဇော်၍ ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ပါဒစေတီတော်အောက်ခြေတော်ရာမြတ်အား လာရောက်ဖူးမြော်ကြည်ညိုသည့် ဘုရားဖူးများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် ပါဒစေတီတော်၊အောက်ခြေတော်ရာမြတ်သို့သွားရောက်သည့် ယာယီချောင်းကူးတံတားအား ရေအမြင့်နှင့်လျော်ညီပြီး ဘုရားရင်ပြင်တော်ထက်မမြင့်သည့် ယာယီဘေလီသံတံတားနှင့်စေတီတော်သွားလျှောက်လမ်းတစ်ခု တည်ဆောက်ရန်မှာကြားခဲ့သည်။

ထို့ပြင် ချောင်းရေအားသင့်တော်သည့် ရေအမြင့်ရှိစေရေး ရေထိန်းနံရံငယ်တစ်ခုတည်ဆောက်ရန်နှင့်ဘုရားပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့်သာသနိကအဆောက်အဦးများ ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးသည် အထက်စက်တော်ရာရှိ ပထမရွှေစေတီတော်မြတ်အား ပန်းရေချမ်းနှင့်ရွှေသင်္ကန်းများကပ်လှူပူဇော်ပြီးနောက် စေတီတော်မြတ်ကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး မန်းရွှေစက်တော်ဘုရားအတွင်း လှည့်လည်ကြည့်ရှု၍ ဘုရားကြီးအားရှေးမူမပြတ် ရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

မန်းရွှေစက်တော်ဘုရား၊ပါဒစေတီတော်၊အောက် ခြေတော်ရာမြတ်အား သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်ရန်၊ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့်ဘု ရားဖူးလာသူများရာသီမရွေး လာရောက်ဖူးမြော်နိုင်ရန် ၂၀၁၄ ခုနှစ်၊ဇူလိုင် ၁၀ ရက်တွင် နစက ဥက္ကဋ္ဌကြီးမှူး၍ အမြင့် ၅ ပေ၊ အထူ ၃ လက်မ၊အ လေးချိန် ၃ တန်ရှိအလင်းပေါက်ဖန်အုပ်ဆောင်းလှူဒါန်းပူဇော်ခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် ပွင့်ဖြူမြို့၊နယ်လယ်ကိုင်းကျေးရွာအုပ်စု၊သက်သာပန်းတောင်းကျေး ရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်ရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညို၍ ဘက်စုံအလှူငွေများ လှူဒါန်းခဲ့သည်။

ထို့ပြင် လယ်ကိုင်းကျေးရွာရှိ ရွှေပြည်အေးဘုရား နှင့်ဓမ္မာရုံပြန်လည်ပြုပြင်မွမ်းမံထားရှိမှုအား ကြည့်ရှု၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကျပ်သိန်း ၅၀ ကိုပေးအပ်ခဲ့သည်။

ထို့နောက် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကြည်ညိုကာ ပန်းရေချမ်းကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများလှူဒါန်း၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

ညနေပိုင်းတွင်လည်း နစက ဥက္ကဋ္ဌနှင့်ဇနီးသည် မကွေးမြို့ရှိ မကွေးမြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်းကပ်လှူပူ ဇော်ကာ စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား အတူတကွရင်ဆိုင်ကျော်ဖြ-တ်သွားမည်ဖြစ်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဟု တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်မှ စစ်ကိုင်းခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၅၀,၅၇၂) သန်း၊ တိုင်းလူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးထံ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။  လက်ရှိအချိန်၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့်...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၆၅/၁ နှင့် ၆၅/၂ ကြားတွင် SOUEAST (အနက်ရောင်) အိမ်စီးကားသည် အချက်ပြမီးဖွင့်၍ ညာဘက်လမ်းဘေး၌ရပ်ထားစဉ် NISSAN CONDOR (အပြာရောင်) ကုန်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိပြီး ကုန်တင်ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်မှ အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071