ဘုရားကြီးတွင် ကုန်တင်ကားနှစ်စီး ချိတ်မိကာ လူနေအိ မ်(၂) လုံးကို ဝင်တိုက်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ပျဉ်ပုံကြီးကျေးရွာတွင် စက်တင်ဘာလ (၉) ရက် ညပိုင်းက ကုန်တင်ယာဉ်နှစ်စီး ချိတ်မိပြီး လူနေအိမ်များကို ဝင်တိုက်ကာ ယာဉ် မောင်းတစ်ဦး သေဆုံးသွားကြောင်း ဘုရားကြီးလူငယ်အဖွဲ့ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
စက်တင်ဘာလ (၉) ရက် ည (၁၁) နာရီအချိန်ခန့်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့လားရာတူ မောင်းနှင်လာကြသည့် ယာဉ်မောင်း ဦးချုံ အသက်(၅၉)နှစ် နွားထိုးကြီးမြို့နယ်နေသူ မောင်းနှင်လာသည့် အဖြူရောင် (၁၂)ဘီးယာဉ်နှင့် ယာဉ်မောင်း သန်းထိုက်ဇော် (ဘ) ဦးကျော်သူ အ သက် (၃၀) နှစ် ရွှေပြည်သာနေသူ မောင်းနှင်လာသည့် တွဲကား ယာဉ်နှစ်စီးသည် ယာဉ်နှစ်စီးသည် ပျဉ်ပုံကြီးကျေးရွာ အနောက်ပိုင်းရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန် – မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၆၈/၄) အနီးတွင် ချိတ်မိရာမှ အနီးရှိ နေအိမ် (၂) လုံးကို တိုက်မိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ယင်းသို့ ဝင်ရောက်တိုက်မိမှုကြောင့် ယာဉ်မောင်း ဦးချူံ မှာ ယာဉ်ဦးခေါင်းအတွင်း ညပ်နေသည့်အတွက် ပျဉ်ပုံကြီးကျေးရွာ မီးသတ်တပ်ဖွဲ့နှင့် ဘုရားကြီးမြို့ အရန်မီး သတ်တပ်ဖွဲ့သို့ ချိတ်ဆက်ကူညီ ကယ်တင်ခဲ့သော်လည်း ယာဉ်မောင်းဦးချူံမှာရရှိ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ ယာဉ်မောင်းဦးချူံ နှင့်ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် ဇော်မင်းထွန်း (ဘ) ဦးဌေးသင်းအသက် (၃၀) နှစ်နှင့် တွဲကားယာဉ်မောင်း သန်းထိုက်ဇော် (ဘ) ဦးကျော်သူ အသက် (၃၀) နှစ်တို့အား ဘု ရားကြီးလူငယ်အဖွဲ့ လူမှူကယ်ဆယ်ရေးယာဉ်နှင့် ပျဉ်ပုံကြီးကျေးရွာ ကယ်ဆယ်ရေးယာဉ်တို့မှ ပဲခူးမြို့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်အား ဘုရားကြီးန ယ်မြေရဲစခန်းမှ ဆက်လက် စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။
Photo – CJ