စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ လာမည့်ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် နေကြာသီးနှံဧက (၁၈,၀၀၀) ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ဘုတလင်မြို့နယ် ၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဘုတလင်မြို့နယ်၌ ဆောင်းနေကြာသီးနှံဧက (၁၈၁၂၀) စိုက်ပျိုးရန် လျာထားပြီး အောက်တိုဘာလမှစတင်၍ ဒီဇင်ဘာလအထိ စိုက်ပျိုးကြမည်ဖြစ်သည်။
ဘုတလင်မြို့နယ်တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် နေကြာစိုက်ပျိုးမည့်တောင်သူများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာပေးသင်တန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဘုတလင်မြို့နယ်၌ ယခုနှစ် နေကြာသီးနှံ စိုက်ပျိုးမည့်တောင်သူများကို မျိုးစေ့များ ပံ့ပိုးပေးနိုင်ရေး၊ ယူရီးယား ဓာတ်မြေဩဇာများကို ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီမံထားလျက်ရှိပြီး ထွက်ရှိလာသောနေကြာ မျိုးများကို တောင်သူမှတောင်သူဖလှယ်သည့် နည်းစနစ်များဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
