ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရ
မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ အလူးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူအား ယနေ့နံနက်ပိုင်းတွင် လက်နက်ကိုင် ဆောင်ထားသူများက သေနတ်ဖြင့် ပစ်သတ်သွားကြော င်း သိရသည်။
ယနေ့ စက်တင်ဘာလ (၁၈) ရက် နံနက်(၇) နာရီဝန်းကျင်က အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းဆိုသူအား ဈေးမှအပြန်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ခေါင်းကို (၃) ချက်မှန်တယ်။ နေရာတင် သေတာပဲ။ ကြားတာတော့ဟင်းစားထွက်ဝယ်တာလို့ ကြားတာပဲ။ ဈေးကအပြန်မှာ အပစ်ခံရတာ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သ ည်ကို မသိရှိရသေးသော်လည်း စစ်တပ်နှင့် ရဲများ ရောက်ရှိကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပစ်ခတ်ခံရသည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးလှမင်းဆိုသူသည် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား သတင်းပေးတိုင်ကြားမှုများ လုပ်ဆောင်နေသည့်အတွက် ယခုလို ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြော သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၈) ရက်ကလည်း ဘီးလင်းမြို့နယ် ကန်သာယာ(၇) ရပ်ကွက်မှ အငြိမ်းစားဗိုလ်မှူး ဦးလှဝင်းသိန်းဆိုသူကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။