Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeInternationalဘီလ်ဂိတ်နှင့် ရှီကျင့်ဖျင်တို့ သောကြာနေ့တွင်...

ဘီလ်ဂိတ်နှင့် ရှီကျင့်ဖျင်တို့ သောကြာနေ့တွင် တွေ့ဆုံမည်

ဟောင်ကောင်၊ ဇွန် ၁၄

မိုက်ခရိုဆော့ဖ် ကုမ္ပဏီအား ပူးတွဲတည်ထောင်ခဲ့သူ ဘီလ်ဂိတ်သည် သူ၏ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇွန် ၁၆ ရက် သောကြာနေ့တွင် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူ နှစ်ဦးက ပြောသည်။

အဆိုပါတွေ့ဆုံပွဲသည် ရှီအတွက် ကိုဗစ်နောက်ပိုင်း နိုင်ငံခြား ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။ တတိယမြောက် သတင်းပေးကလည်း အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ ၎င်းတို့နှစ်ဦး တွေ့ဆုံမည် ဖြစ်ကြောင်းကိုသာ အတည်ပြုခဲ့သည်။

ထို့ပြင် သတင်းပေးများသည် ၎င်းတို့နှစ်ဦး ဆွေးနွေးသွားမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ဘီလ်ဂိတ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပေကျင်းသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာကြောင်းကို ဗုဒ္ဓဟူးနေ့တွင် တွစ်တာပေါ်၌ ရေးသားမျှဝေခဲ့ပြီး သူသည် ဘီလ်နှင့် မယ်လင်ဒါ ဂိတ် ဖောင်ဒေးရှင်းနှင့်အတူ ကမ္ဘာ့ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၌ လုပ်ဆောင်နေသော မိတ်ဖက်များအား တွေ့ဆုံသွားမည်ဟု ပြောကြားခဲ့သည်။

ဂိတ်နှင့် ရှီတို့ကြားတွင် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ရှီသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ဘီလ်ဂိတ်နှင့် ၎င်း၏ ဖောင်ဒေးရှင်းထံ တရုတ်နိုင်ငံသို့ ကိုဗစ်တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်း လှူဒါန်းပေးခြင်း အပါအဝင် အကူအညီများ ပေးပို့မည်ဟု ကတိပြုခဲ့ခြင်းကြောင့် ကျေးဇူးတင်ကြောင်း စာတစ်စောင် ရေးသားခဲ့သည်။ ဂိတ်နှင့် ရှီတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ဟိုင်နန်ပြည်နယ်ရှိ ဘောင် ဖိုရမ်၏ အပြင်ဘက်၌ ဖြစ်သည်။

Source: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071