ဧရာဝတီတိုင်း၊ ပုသိမ်မြို့သို့ရောက်ရှိနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နိုဝင်ဘာ ၂၆ ရက်မွန်းလွဲပိုင်းက စက်တော်ရာဘိုးဘွားရိပ်သာကိုသွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်ပြီးနောက် ဘိုးဘွားများအားတွေ့ဆုံ၍ မကြာမှီကျင်းပမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် မှတ်ပုံတင်ရရှိကိုင်ဆောင်ထားရှိမှု၊ မှတ်ပုံတင်ပျေ-ာက်ဆုံး/ပျ-က်ဆီးပါက မိတ္တူလျှောက်ထားကိုင်ဆောင်နိုင်ရေးနှင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ ဘိုးဘွားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကိုကြည့်ရှုမေးမြန်းခဲ့သည်။
ထို့နောက် ဘိုးဘွားများတစ်ဦးချင်းဆီအား စားသောက်ဖွယ်ရာများ လိုက်လံဝေငှလှူဒါန်းပြီးနောက် ဘိုးဘွားများအားရှိခိုးကန်တော့၍ ဘိုးဘွားရိပ်သာမှတာဝန်ရှိသူများအား ရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ဘိုးဘွားများ၏ မှတ်ပုံတင်ရရှိကိုင်ဆောင်မှုနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးရန်ရှိပါကဆွေးနွေးပြောကြားနိုင်ရေးမှာကြားကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။
