ယနေ့ နံနက်ပိုင်းတွင် ဘားအံမြို့အနီး ၊ ဘားအံမြို့ရှောင်လမ်းတွင် ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် (၁)ဦး သေဆုံးကာ (၁၀)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ဖေဖေါ်ဝါရီ (၁၉) ရက် နံနက် (၁၀) နာရီခွဲ ဝန်းကျင်ကဘားအံမြို့ရှောင်လမ်းသစ်၊ ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်းတွင် ဇာတ်သဘင်ကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်အတွင်း ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဇာတ်အဖွဲ့ဝင် (၁၁)ဦးတွင် (၁) ဦးသေဆုံးကာ (၆) ဦး စိုးရိမ်ရဒဏ်ရာရှိခဲ့ပြီး (၄)ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကရင်ဇာတ်အဖွဲ့ယာဉ်ပါ။ လောလောဆယ် ဆေးရုံကိုပို့ဆောင်ပေးနေတယ်။ မြို့ရှောင်လမ်းအတက်မှာ ဘရိတ်ပေါ က်ပြီး ချောက်ထဲထိုးကျတာ”ဟု ကယ်ဆယ်ရေးအဖွဲ့ ပြန် ကြားရေးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ် ကို ပြောသ ည်။
ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးနေရသဖြင့် ကနဦး သတင်းသာပြောဆိုနိုင်သေးပြီး နောက်ဆက်တွဲအခြေအနေနှင့် အသေးစိတ်အချက်အလက်ကို ထပ်မံဆက်သွယ်ပေးမည်ဟု ဆိုသည်။
ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ လူနာများအား ဒေသအတွင်းရှိ လူမှုကယ်ဆယ်ရေး အဖွဲ့(၅)ဖွဲ့က ကယ်ဆယ်ရေးများဆောင်ရွက် ကာ ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့








