Sunday, July 13, 2025

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက်...

ခမာနီတို့၏ နယ်မြေများကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများအဖြစ် သို့အသွင်ပြောင်းလဲနိုင်ခဲ့ ခြင်းကို ဂုဏ်ပြုသောအားဖြင့် ခမာနီနယ်မြေ သုံးခုကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် ဒေသများအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် တနင်္ဂနွေနေ့တွင်...
HomeNewsLocal Newsဘားအံမြို့တွင် ငွေကျပ်သန်း နှစ်​ထောင်ကျော်...

ဘားအံမြို့တွင် ငွေကျပ်သန်း နှစ်​ထောင်ကျော် ရင်းနှီးမြှုပ်နှံထားသည့် မိဇံဝက်နှင့် ဆိတ် မွေးမြူရေးဇုန် ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငွေကျပ် ၂၃၅၉ ဒဿမ ၁၅၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည့် မိဇံ ဝက်နှင့် ဆိတ်မွေးမြူရေးဇုန်ကို ဖေဖော်ဝါရီ (၁၀) ရက် နံနက်ပိုင်းက စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ၊ ပတုပ် စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းရှိ အဆိုပါ မွေးမြူရေးဇုန်တည်နေရာ၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်အတွင်း တိုးတက်လာသည့် လူဦးရေနှင့်အညီ စားသုံးမှုပိုမိုမြင့်တက်လာသည့်အတွက် အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရန်၊ ရေတိုအချိန်အတွင်း အသားထုတ်လုပ်မှု ပမာဏကြီးစွာပေးသော ဝက်နှင့် ဆိတ်များ ပိုမိုမွေးမြူလာစေရန်၊ ပိုလျှံလာသည့်မွေးမြူရေး ထုတ်ကုန်များကို ပြည်ပဈေးကွက်များသို့ တင်ပိုနိုင်ရန်ရည်ရွယ်ပြီး ယခုမွေးမြူရေးဇုန်ကို တည်ထောင်ရခြင်းဖြစ်ကြောင်း  ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

အဆိုပါ မိဇံမွေးမြူရေးဇုန်မှာ ၄၉ ဒဿမ ၀၇ ဧက ကျယ် ဝ န်းကာ ဝက်မွေးမြူရေးဇုန်နှင့် ၄၉ ဒဿမ ၃၁ ဧက ကျယ်ဝန်းသော ဆိတ်မွေးမြူရေးဇုန်တို့ ပါဝင်ပြီး စွမ်းအားပြည့်မွေး မြူမည်ဆိုလျှင် ဝက်ကောင်ရေ (၂၇၅၀) ကျော်နှင့် ဆိတ်ကောင်ရေ (၁၇၀၀) ကျော် မွေးမြူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေး လုပ်ငန်းရှင်များအတွ က် ငွေကျပ်သိန်း (၄၅၀)တန်ဖိုးရှိ မျိုးကောင်း/ မျိုးသန့် ဝက်နှင့် ဆိတ် (၂၀၀) ကောင်ကို မတည်ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

အဆိုပါ မိဇံမွေးမြူရေးဇုန်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ လတွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ဆိတ်မွေးမြူရန် အကွက်ပေါင်း (၄၁)ကွက်၊ ဝက်မွေးမြူရန် အကွက်ပေါင်း (၇၂)ကွက် ဖော်ထုတ်ထားရှိကြောင်း သိရသည်။

လက်ရှိ ဝက်မွေးမြူရေးလုပ်ငန်းရှင် (၁၇) ဦးမှ မြေကွက် (၄၈)ကွက်၌ မြေဩဇာစက်ရုံ (၁)ရုံ၊ အစာဆိုင်(၁)ဆိုင်၊ ဝက်ကောင်ရေ (၉၂၈) ကောင်၊ ဆိတ်မွေးမြူရေးလုပ်ငန်းရှင် (၁၈)ဦးမှ မြေကွက်(၃၅)ကွက်တွင် အစာဆိုင်(၁)ဆိုင်၊ ဆိတ်ကောင်ရေ (၅၇၇)ကောင် မွေးမြူလျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ဒုတိယနေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၃ ရက်တွင် မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများသည် အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးနှစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်တို့ဆွတ်ခူးနိုင်ခဲ့ကြသည်။ ထို့ပြင် Open ကနူးလေးယောက်လှော် အမျိုးသား မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင်...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင်...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကံမမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေ ဘေးလွတ်ကင်းရာ ရွှေခရုတောက်ဘုရားတောင်ပေါ်၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း နံ နက် ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071