Wednesday, August 19, 2026

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား...

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌...

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့...

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။...
HomeMoviesဘာသာရေးကိုအလွဲသုံးစားလုပ်၍ နိုင်ငံသားအချင်းချင်းကြား စည်းလုံးညီညွတ်မှုပျက်ပြားရန်...

ဘာသာရေးကိုအလွဲသုံးစားလုပ်၍ နိုင်ငံသားအချင်းချင်းကြား စည်းလုံးညီညွတ်မှုပျက်ပြားရန် ပြိုကွဲရန်လုပ်ဆောင်နေသည်များကို အစဉ်သတိ ပြုကာကွယ်ရမည်

ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီး မွမ်းခြင်းအခမ်းအနားအား ဒီဇင်ဘာ ၂၃ ရက်ည နေပိုင်းက ရန်ကုန်တိုင်း၊ပန်းဘဲတန်းမြို့နယ်ရှိ Holy Cathedral Church ၌ကျင်းပစဥ် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တက်ရောက်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီး မွမ်းခြင်းအခမ်းအနားအား မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊မြန်မာနိုင်ငံတော်ကတ်သလစ်ဆရာတော်ကြီးများ၊မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊မြန်မာနိုင်ငံခရစ် တော်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်းကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်ဘာသာကြီး(၄)ခုအပြင် အခြားဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားကာ နိုင်ငံတော်အနေဖြင့်အသိအမှတ်ပြုထားသည့် ဘာသာများကို တတ်နိုင်သမျှကူညီစောင့်ရှောက်လျက်ရှိသည်ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင်နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊လွတ်လပ်စွာ ဆောင်ရွက်နိုင်သော အခွင့်အရေးတို့ကိုအညီ အ မျှရရှိစေရမည်”ကို ပြဋ္ဌာန်းထား​ကြောင်း နစက ဥက္ကဋ္ဌက​ပြောသည်။

“မြန်မာနိုင်ငံမှာ အများဆုံးကိုးကွယ်မှုရှိနေတဲ့ ဗုဒ္ဓ ဘာသာနဲ့အတူ ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ဟိန္ဒူဘာသာနဲ့အခြားဘာသာဝင်တွေဟာ ရှေးနှစ်ပေါင်းပဝေသဏီထဲက အတူတကွနေထိုင်ခဲ့ကြပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မည်သည့်ဘာသာကိုမျှထိခိုက်နစ်နာစေခြင်း၊ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ဘာသာမရွေးအပြန်အလှန် လေးလေးစားစား ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်းစိတ်ထားနှင့်တည်ဆောက်ခဲ့ကြသည်ဟု ဆိုသည်။

“ဆက်လက်ပြီးတည်ဆောက်ကြဖို့ လိုအပ်သလို ၊ ဘာသာရေးကိုအလွဲသုံးစားလုပ်ပြီး မိမိတို့နိုင်ငံ သားတွေ အချင်းချင်းကြားမှာ စည်းလုံးညီညွတ် မှုပျက်ပြားအောင်၊ ပြိုကွဲအောင်လုပ်ဆောင်နေတာတွေကို အစဉ်သတိပြုကာကွယ်ကြဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊လောကုတ္တရာကောင်းကျိုး၊ငြိမ်းချမ်းမှု၊မေတ္တာတရား၊ချစ်ခြင်းတရား၊ကရုဏာတရားများကိုသာညွှန်ပြပေးနေသည်ကိုတွေ့ရမည်ဟု ဆိုသည်။

“ဘာသာတရားတွေရဲ့ ညွှန်ပြမှုအဆုံးအမတွေကို လိုက်နာကျင့်သုံး၊ကျင့်ကြံကြမယ်ဆိုရင် ငြိမ်းချမ်းသာယာတဲ့ လူ့အသိုက်အဝန်း၊ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ်တည်ရှိနေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပါတယ်။ နန်းတော်ရေးရာဝန်ကြီး Kuy Sophal နဲ့ အမျိုးသားနဲ့ နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး Chin Ketna တို့ဟာ ဦးမင်းအောင်လှိုင်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြု

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချကာ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြုသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးက လွမ်းသူပန်းခွေကို ဦးဆောင်သယ်ဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချကာ ကျဆုံးခဲ့ကြသည့် သူရဲကောင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071