Friday, December 12, 2025

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ...
HomeNewsLocal Newsဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့်အာဆီယံနှစ်ပတ်လည်နေ့...

ဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့်
အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်

ဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်းသည် ဇူလိုင်လ (၂၆) ရက်တွင် ဗီယက်နမ်သံ ရုံး၌ ကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ (Berlin ASEA N Committee-BAC) အစည်းအဝေးနှင့် (၅၆) နှစ် မြောက်
အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်ခြင်း အခမ်းအနားသို့ ဘာလင်မြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဘာလင် – အာဆီယံ ကော်မတီ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသစ်ရောက်ရှိလာသည့် စင်ကာပူ သံအမတ်ကြီးအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အကောင်အထည်ဖော်မည့် ကိစ္စရပ်များ၊ ဆက် လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များ၊ ဂျာမနီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို တက်ရောက်လာကြသည့် သံရုံးအကြီးအကဲများနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အစည်းအဝေးအပြီးတွင် သံရုံးယာယီတာဝန်ခံသည် (၅၆) နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်ခြင်း အခမ်းအနားနှင့် တာဝန် ပြီး ဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားသံအ မတ်ကြီးအား တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု ကို ထပ်မံဆွခူးနိုင်ခဲ့ကြောင်းသိရသည်။ SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men's Canoe Four 200m - C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ကျော်ဇေယျ ၊မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်နှင့် သန့်ဇင်ဦးတို့က...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။ ဇာတ်တိုက်လေ့ကျင့်မှုကို  နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအပါအဝင် ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂)စီး၊ LUF Micro (၁)စီး၊ LUF Nano (၁)စီး၊...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်ပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဥ် USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ "အခြေခံလူတန်းစားတွေ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင် USDP ပါတီကဦးဆောင်ပြီး ဆောင်ရွက်သွားမယ်လို့ကတိသစ္စာပြုပါတယ်"ဟု USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရန် နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071