Saturday, January 24, 2026

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

ပြည်ရွှေဆံတော်၌ ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲ ကျင်းပမည်

ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ မှ သိရသည်။ အဆိုပါပွဲကို တပို့တွဲလဆန်း (၁၄)ရက် ဇန်နဝါရီ(၃၁)ရက်မှ တပို့တွဲလပြည့်နေ့...

အာရှ ယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ထားသည့်...

အာရှ ယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။ ထို့ပြင် ယူ-၁၇ အမျိုးသမီးအသင်းအနေဖြင့် လက်ရှိအချိန်တွင်...
HomeInternationalဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့...

ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန် အထူးသံတမန် ပြောကြား

အမေရိကန် ပြည်ထောင်စုနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ပြောကြားသည်။

“ကိုယ်စားလှယ်များဟာ ငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါ အစီအစဉ်၊ စီးပွားရေးအစီအစဉ်တွေနဲ့ အခြားအရာတွေနဲ့ပတ်သက်ပြီး နက်နက်နဲနဲ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဝစ်ကော့ဖ်က သူ၏ X လူမှုကွန်ရက် အကောင့်တွင် ပြောကြားခဲ့သည်။ “များစွာတိုးတက်မှုတွေရရှိခဲ့ပြီး မနက်ဖြန်မနက်မှာ သူတို့ထပ်မံတွေ့ဆုံကြမှာပါ” ဟုလည်း ဆိုသည်။

ယူကရိန်း၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းရန်အတွက် အမေရိကန်-ယူကရိန်းဆွေးနွေးပွဲများကို ဘာလင်မြို့ရှိ ဖက်ဒရယ်ဝန်ကြီးချုပ်ရုံးတွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ဝစ်ကော့ဖ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်၏ သမက်ဖြစ်သူ စီးပွားရေးသမား ဂျာရက် ကူရှ်နာတို့ ပါဝင်သည်။ ယူကရိန်းဘက်မှ ဗလာဒီမာ ဇယ်လန်းစကီး၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ရူစတမ် အူမီရော့ဗ်နှင့် ယူကရိန်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်အန်ဒရေး နတ်တော့ဗ်တို့ ပါဝင်ကြသည်။ ဂျာမန်ဝန်ကြီးချုပ် ဖရီးဒရစ်ခ် မဲ့ဇ်က တိုတောင်းသော ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အစည်းအဝေးခန်းမမှ ထွက်ခွာသွားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ပြော

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောကြားသည်။ ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ အလားတူ မဲပေးစက်များနှင့် ဆန္ဒမဲပုံးများ သယ်ယူပို့ဆောင်ရေးတွင် သတ်မှတ်နည်းလမ်းများအတိုင်း စနစ်တကျ သယ် ယူပို့ဆောင်သွားရမည်ဖြစ်ပြီး ဆန္ဒမဲပေးခြင်းပြီးဆုံးပါကလည်း သက်ဆိုင်ရာမဲရုံများရှိ ပစ္စည်းများအားလုံး သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိစေရေးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ဆောင်ရွက်ပြီးပါက ဆန္ဒမဲပေးစက်များအား...

ပြည်ရွှေဆံတော်၌ ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲ ကျင်းပမည်

ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ထမနဲထိုးပွဲနှင့် ညန်ရိုးမီးပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ မှ သိရသည်။ အဆိုပါပွဲကို တပို့တွဲလဆန်း (၁၄)ရက် ဇန်နဝါရီ(၃၁)ရက်မှ တပို့တွဲလပြည့်နေ့ ဖေဖေါ်ဝါရီ(၁)ရက်အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ(၃၁)ရက် မနက်(၇)နာရီတွင် မဟာဗောဓိရင်ပြင်တော်ပေါ်၌ (၂၄)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ရွှေဆံတော်ဝေယျာဝစ္စအဖွဲ့(၆)ဖွဲ့နှင့်ရွှေဆံတော်ဝန်ထမ်းအဖွဲ့(၁)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဖေဖော်ဝါရီ(၁)ရက် မနက်ပိုင်း အရုဏ်တက်ချိန်တွင် (၁၀၂)ကြိမ်မြောက် ညန်ရိုးမီးပူဇော်ပွဲနှင့် မြတ်စွာဘုရားကို ထမနဲဆွမ်း ကပ်လှူမည်ဖြစ်ပြီး တောင်ဘက်စောင်းတန်းအနီး 'ဝလေးလုံး'စေတီတော်အောက်ဘက်တွင်လည်း မနက်(၄)နာရီအချိန်ကစပြီး ဘုရားဖူးလာပြည်သူများက ညန်ရိုးများ ကိုယ်စီကိုင်ဆောင်ကာ မီးပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071