#Zawgyi
အနုပညာရှင် တွေ live လွှင့်ပြီးဈေးရောင်းတာ အွန်လိုင်းမှာခေတ်စားနေပါတယ်။ ဒီလို ဈေးရောင်းကြတဲ့အနုပညာရှင်တွေထဲမှာ ထက်ထက်မိုးဦးကလည်း ပြန်လည်စန်းထနေပါတယ်။ ထက်ထက်မိုးဦးရဲ့ သရုပ်ဆောင် မှုတွေကို ချစ်ပြီးအားပေးကြတဲ့အနုပညာရှင်တွေဟာ သူဈေးရောင်းတဲ့အခါမှာလည်း အားပေးကြတာတွေ့ရပါတယ်။
#Unicode
အနုပညာရှင် တွေ live လွှင့်ပြီးစျေးရောင်းတာ အွန်လိုင်းမှာခေတ်စားနေပါတယ်။ ဒီလို စျေးရောင်းကြတဲ့အနုပညာရှင်တွေထဲမှာ ထက်ထက်မိုးဦးကလည်း ပြန်လည်စန်းထနေပါတယ်။ ထက်ထက်မိုးဦးရဲ့ သရုပ်ဆောင် မှုတွေကို ချစ်ပြီးအားပေးကြတဲ့အနုပညာရှင်တွေဟာ သူစျေးရောင်းတဲ့အခါမှာလည်း အားပေးကြတာတွေ့ရပါတယ်။
ဒါကြောင့် ထက်ထက်မိုးဦးဟာ စိန်ရွှေရတနာဆိုင်တွေရဲ့ လက်ဝတ်ရတနာ တွေကို နေ့စဥ်မပြတ် ရောင်းချလျက်ရှိနေပါတယ်။ ဒါပေမဲ့ တချို့လူတွေရဲ့တိုက်ခိုက်မှုတွေကြောင့် စိတ်ဓာတ်ကျမိတယ်ဆိုတဲ့ ထက်ထက်မိုးဦးက”ဘာမှမလုပ်တော့လည်း အလုပ်မရှိဘူး ဆိုပြီးနှိမ်ကြတယ်။အလုပ်တွေ လုပ်ပြန်တော့လည်း စိတ်ဓာတ်ကျအောင်နှောက်ယှက်ကြတယ်။ ဘာမှကိုမလုပ်ချင်လောက်အောင်ထိ စိတ်ဓာတ်ကျမိတယ်”လို့ဖွင့်ဟခဲ့ပါတယ်။