Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeNewsFootballဘာစီလိုနာနှင့် ဂျူဗင်တပ်မှ လူငယ်အသင်းများပါ၀င်သည့်...

ဘာစီလိုနာနှင့် ဂျူဗင်တပ်မှ လူငယ်အသင်းများပါ၀င်သည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား မြန်မာလူငယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

ဥရောပနာမည်ကျော် အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ဂျူဗင်တပ်တို့မှ လူငယ်အသင်းများပါ၀င်သည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲအား မြန်မာလူငယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က မေလ (၃၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ Chiaba မြို့တွင် သြဂုတ် (၂၄) ရက်မှ (၂၈) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ အမျိုးသား ယူ – ၁၂ အသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။

Junior Soccer World Challenge ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပနေခြင်းဖြစ်ပြီး ဥရောပ အသင်းများဖြစ်သည့် နာမည်ကျော် ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ အက်စ်ပါးညို၊ ဂျပန်၊ တရုတ်၊ မက္ကဆီကို စသည်တို့မှ ယူ – ၁၂ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်ထားကြသည်။

၂၀၁၃ မှ ၂၀၁၉ ခုနှစ် အထိ ဘာစီလိုနာ ယူ – ၁၂ အသင်းက ၅ ကြိမ် ဗိုလ်စွဲထားပြီး နိုင်ဂျီးရီးယား လူငယ်နှင့် အက်စ်ပါးညို လူငယ်တို့က တစ်ကြိမ်စီ ဗိုလ်စွဲထားကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲတွင် မြန်မာက ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ပြီး စပိန်ကလပ် ဘာစီလိုနာ၊ အီတလီကလပ် ဂျူဗင်တပ်တို့မှ လူငယ်အသင်းများ၊ ဂျေလိဂ်လူငယ် အသင်းများနှင့် အတူ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိ ဘာစီလိုနာ အသင်းကြီးတွင် ပရော်ဖက်ရှင်နယ်အဖြစ် ကစားနေသော Eric García နှင့် Ansu Fati တို့ သည် ၂၀၁၃ Junior Soccer World Challenge ပြိုင်ပွဲတွင် ဘာကာ လူငယ်အသင်းမှပါဝင် ကစားခဲ့ဖူးသူများ ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ – ၁၂ အသင်းအား မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမားများနှင့် Scouting ပြုလုပ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများအား အခြေခံ၍ ရွေးချယ်ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် 11 th Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် စုစုပေါင်း (၃၂) သင်းယှဉ်ပြိုင်မည်ဖြစ်ပြီး (၄) သင်းပါ အုပ်စု (၈) ခုခွဲကာ ပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။

အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရသော အသင်းများ (၁၆) သင်းအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲ ပွဲစဉ်များ ကစားကြရမည်ဖြစ်သ ည်။

11th Junior Soccer World Challenge 2023 ပြိုင်ပွဲဝင်မည့် မြန်မာ အမျိုးသား ယူ – ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အတွက် ပံ့ပိုးကူညီမှုများကို Max Energy အနေဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071