ဘရာဇီးဖိုက်တာကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန် အနိုင်ရခဲ့သည်။
အောင်လအန်ဆန်နှင့် ဘရာဇီးဖိုက်တာ အသက် ၄၀ အရွယ်ရှိ Gilberto Galvao နှင့် Catch Weight တန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆန်သည် ဒုတိယအချီမတိုင်မီအနိုင်ထိုးသတ်မည်ဟု ပြောကြားခဲ့သည့်အတိုင်း ထိုးသတ်နိုင်ခဲ့သည်။
ယခုနိုင်ပွဲကြောင့် အောင်လအန်ဆန်သည် ယင်း၏ ခါးပတ်များကိုပြန်လည်ရယူရန် အခွင့်အရေးရှိလာမည်ဖြစ်သည်။
