နူးယော့ခ်၊စက်တင်ဘာ ၂၇
ယူကရိန်းသမ္မတဇလန်းစကီးက သမ္မတဟောင်းထရမ့်နှင့်တွေ့ဆုံပြီးနောက် ရွေးကောက်ပွဲကိုမည်သူကအနိုင်ရသည်ဖြစ်စေ ယူကရိန်းအနေဖြင့် ရုရှားကိုအနိုင်ရရန်မှာ အမေရိက၏အကူအညီကိုသာ အားကိုးနေရသည်ဟုဆိုသည်။
“ကျွန်တော်တို့ရဲ့ စီမံကိန်းအားလုံး၊ခြေလှမ်းအားလုံးနဲ့ ယူကရိန်းကို ဘယ်လို ကြံ့ခိုင်အောင် လုပ်ရမယ်ဆိုတာတွေကို အသိပေးပြောကြားဖို့က အင်မတန်အရေးကြီးပါတယ်” ဟုလည်း ဇလန်းစကီးကပြောသည်။
“လာမဲ့နိုဝင်ဘာလ မတိုင်မီမှာ အတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားရမှာဖြစ်ပါတယ်၊နိုဝင်ဘာမှာ ဘယ်သူကသမ္မတဖြစ်လာမယ်ဆိုတာကို အမေရိကန်နိုင်ငံသားတွေကပဲဆုံးဖြတ်ခွင့်ရှိတာမို့ နိုဝင်ဘာနောက်ပိုင်းမှာ ကျွန်တော်တို့ ဘယ်လိုအခြေအနေတွေနဲ့ကြုံရမယ်ဆိုတာမသိသေးပါဘူး၊ဒါပေမဲ့လဲ ယူကရိန်းဟာ ကန်ကိုသာအဓိကအားထားနေရတာမို့ ဘယ်သူပဲသမ္မတဖြစ်ဖြစ် အဆင်ပြေအောင်ညှိနှိုင်းနိုင်ဖို့ သမ္မတလောင်းနှစ်ယောက်လုံးနဲ့တွေ့ဆုံခွင့်တောင်းရတာပါ” ဟု ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်ကမူ နှစ်နှစ်ကျော်ကြာနေပြီဖြစ်သည့် ယူကရိန်း – ရုရှားအရေးသည် အဆုံးသတ်ရန်လိုအပ်ပြီး “တစ်ချိန်ချိန်မှာ ကျိန်းသေပေါက်အဆုံးသတ်ရမည်” ဟုလည်းပြောကြားခဲ့သည်။
သမ္မတဟောင်းထရမ့်မှလွဲ၍ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ရော သမ္မတလောင်း ကင်မ်မလာဟားရစ် ရော ယူကရိန်းကို ဆက်လက်ကူညီသွားရန်ကတိပြုထားသူများဖြစ်သဖြင့် ဇလန်းစကီးအနေဖြင့် သမ္မတဟောင်းထရမ့်ကိုသာ အဓိကထားညှိနှိုင်းရန်လိုအပ်နေခြင်းလည်းဖြစ်သည်။
Source : ရှင်းဟွာ