မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO သည် ယနေ့ နိုဝင်ဘာ ၂၈ ရက်ညနေပိုင်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာရာဘယ်လာရုစ်နိုင်ငံ သမ္မတ Η.Ε. Mr. Aleksandr LUKASHENKO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
