ဘယ်လာရုစ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ စိုက် ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ဘယ်လာရုစ်နိုင်ငံပိုင်အသေးစားစက်မှုလုပ် ငန်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ရွှေ တိဂုံစေတီတော်၏ပုံတော်နှင့် မှတ်တမ်းစာအုပ်ကိုလက် ဆောင်ပေးအပ်ခဲ့ပြီး ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိကျောက် စိမ်းဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ရွှေတိဂုံ စေတီတော်ရှိသာသနိကအဆောက်အဦးများအားကြည့် ရှုလေ့လာကာ တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်းခေါင်းလောင်းတော်ကြီးတွင် ခေါင်းလောင်းထိုး၍ မေ တ္တာပို့ဆုတောင်းခဲ့ကြသည်။
ထို့ပြင် ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်စျေးသို့သွားရောက်၍ စျေးအတွင်းခင်းကျင်းပြသရောင်းချလျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်း၊ ပန်း ပုနှင့် လည်ဆွဲပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ ရွှေခြည်ငွေခြည်ထိုးလက်ရာပစ္စည်းများ၊ ပန်းချီ၊ ပန်းပုပစ္စည်းများကိုကြည့်ရှုဝယ်ယူခဲ့ကြသည်။
Photo-Ko Aung Myint
